ပတ္တရားမြို့မှာ မြန်မာအလုပ်သမား အချင်းချင်း ခိုက်ရန်ဖြစ်မှုများတာကြောင့် ထိုင်းရဲတွေ ပုံမှန်စစ်ဆေးဖို့ လိုနေတယ်လို့ဆို
စက်တင်ဘာ ၂၇ ရက်
ခွန်သောမတ်၊ Migrant Times
- ထိုင်းနိုင်ငံ အရှေ့ဘက် ခရီးသွားမြို့တော်လို့ နာမည်ကြီးတဲ့ ပတ္တယားမြို့လယ် တောင်ပတ္တရား ရပ်ကွက်မှာ မြန်မာအလုပ်သမားတွေ ဥပဒေမဲ့ မကြာခဏ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဥ်ကို ဒေသခံထိုင်းများက မပြောရဲကြကြောင်း ပတ္တယားမြို့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပါတယ်။လွန်ခဲ့တဲ့ ၂ ရက်က မြန်မာအလုပ်သမားအချင်းချင်း ခိုက်ရန်ဖြစ်ပြီး ဥပဒေမဲ့စွာ သေနတ်နဲ့ ခြိမ်းခြောက် ပစ်ခတ်လို့ ြဖတ်သန်းသွားလာနေသူတွေကိုအထိတ်တလန့် ဖြစ်စေခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
- Soi Pattaya Sai 2၊ Soi 17 ခေါ် Soi VC၊ တောင်ပတ္တရားရပ်ကွက်က အရှေ့အလယ်ပိုင်း နိုင်ငံသားတွေနေထိုင်တဲ့ နေရာမှာ ရာဇ၀တ်မှု အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့တဲ့လမ်းဖြစ်ပြီး နာမည်ကြီး ခရီးသွားနေရာနဲ့လည်း နီးတာမို့ ထိုင်းရဲတွေအနေနဲ့ ပုံမှန်သွားရောက်စစ်ဆေးဖို့ ဒေသခံတွေက လိုလားနေပါတယ်။မြန်မာအလုပ်သမားအချင်းချင်းခိုက်ရန်ဖြစ်ပွားတဲ့နေရာဟာ မြန်မာကုန်ပစ္စည်း ရောင်းချတဲ့ဆိုင်ခန်းတွေမှာ ဖြစ်ပြီးPattaya မြို့ကိုလာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေအမြင်မှာ ဂုဏ်သိက္ခာနဲ့ပုံရိပ် မထိခိုက်စေဖို့ ကာကွယ် တားဆီးမှုအနေနဲ့ သက်ဆိုင်ရာ ဌာနတွေက သွားရောက် စစ်ဆေးဖို့၊ အထူးသဖြင့် Chonburi ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးမှာ တိုက်ရိုက်တာဝန်ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုးကား-www.naewna.com