Site icon Migrant Times

ကိုရီးယားဘာသာ အထူးသီးသန့်စာမေးပွဲမှာ မသမာတဲ့နည်းနဲ့​ဖြေရင် ဖြေဆိုခွင့် ၄ နှစ်ပိတ်ခံရမယ်လို့ဆို

ကိုရီးယားဘာသာ အထူးသီးသန့်စာမေးပွဲမှာ မသမာတဲ့နည်းနဲ့​ဖြေရင် ဖြေဆိုခွင့် ၄ နှစ်ပိတ်ခံရမယ်လို့ဆို

စက်တင်ဘာ ၃၀ ရက်
အရုဏ်ဦး၊ Migrant Times
  • တောင်ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ(Special EPS- TOPIK)မှာ မသမာတဲ့နည်းနဲ့ဝင်ရောက်ဖြေဆိုမယ်ဆိုရင် ဖြေဆိုခွင့် ၄ နှစ်ပိတ်ပင်ခံရမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ကကြေညာထားပါတယ်။Special EPS-TOPIKစာမေးပွဲမှာ မမှန်မကန်နည်းလမ်းတွေအသုံးပြုနိုင်တဲ့ စက်ပစ္စည်းတွေဖြစ်တဲ့ လက်ကိုင်ဖုန်း၊ကတ်ဆက်၊ MP3၊ လျှပ်စစ်လက်ကိုင်အဘိဓာန်၊ Apple Watch၊ Smart Watchတွေ ယူဆောင်ခွင့်ကိုလည်းတားမြစ်ထားပါတယ်။”ဖြေဆိုခွင့်ပိတ် အရေးယူမယ့်ကာလက အရင်စာမေးပွဲတွေထက် ပိုတယ်။ ဖြေမယ့်သူတွေ သတိထားရမယ်။ မှန်မှန်ကန်ကန် ဖြေဖို့ကို အကြံပြုချင်တယ် ” လို့ ကိုရီးယားဘာသာသင်တန်းနည်းပြတစ်ဦးက ပြောပါတယ်။အဲဒီစာမေးပွဲကို အောက်တိုဘာလ ၄ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဖြေဆိုခွင့်ရှိသူတွေရဲ့ဖြေဆိုရမယ့်ရက်နဲ့ အချိန်တွေကိုလည်း POEAက ကြေညာထားပါတယ်။
  • အဲဒီစာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရသူဦးရေကို မူလထုတ်ပြန်စဥ်က ၁,၆၀၀ ဦးရှိပြီး နောက်ဆုံးလျှောက်ထားမှုတွေထပ်မံစိစစ်ပြီးထွက်လာတဲ့ဦးရေက ၁,၆၉၇ဦး ဖြစ်တယ်လို့ သိရပါတယ်။စာမေးပွဲဖြေဆိုခွင့်လျှောက်ထားနိုင်တဲ့အလုပ်သမားဦးရေ ၁၅,၀၀၀ ကျော်ရှိပြီး ဖြေဆိုခွင့်လျှောက်ထားသူတွေထဲက ဝင်ရောက်ဖြေဆိုခွင့်ရရှိသူတွေရဲ့အမည်စာရင်းကို POEAက ထုတ်ပြန်ပေးထားတာဖြစ်ပါတယ်။အဲဒီစာမေးပွဲဟာ တောင်ကိုရီးယားနိုင်ငံမှာ သုံးနှစ်အထက်နေထိုင်လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံပြန်လည်ရောက်ရှိနေတဲ့ အလုပ်သမားဟောင်းတွေအတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ POEAက ကနဦး ထုတ်ပြန်ထားပါတယ်။Special EPS- TOPIK စာမေးပွဲဝင်ရောက်ဖြေဆိုမယ့်သူတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၉ နှစ်အတွင်းရှိရမှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ E-9 ၊ E-10 ဗီဇာနဲ့ ၅ နှစ်အထက်နေထိုင်ဖူးသူ၊ ထောင်ဒဏ်ပြစ်ဒဏ်ကျဖူးပြီး မြန်မာနိုင်ငံမှ ပြည်ပထွက်ခွာခွင့်တားမြစ်ခံရသူ၊ တစ်ဖက်နိုင်ငံမှ နှင်ထုတ်ခံထားရဖူးသူတွေ ဖြေဆိုခွင့်ရမှာမဟုတ်ဘူးလို့လည်း ကြေညာထားပါတယ်။
  • တောင်ကိုရီးယားအလုပ်အကိုင်အတွက် EPS-Topikစာမေးပွဲကို မကြာခင်ကမှ ကျင်းပခဲ့ပြီး အခုသီးသန့်စာမေးပွဲ လုပ်ဖို့ စီစဥ်နေတာဖြစ်ကာ နောက်ထပ် EPS-Topik စာမေးပွဲ ကျင်းပမယ့်ရက်ကိုတော့ သက်ဆိုင်ရာက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ EPSစနစ်နဲ့ မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးရောက်ရှိလုပ်ကိုင်နေတယ်လို့ အဲဒီနိုင်ငံက အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

Exit mobile version