သီတင်းကျွတ်ရုံးပိတ်ရက်အတွက် အဝေးပြေးကားတချို့ကြိုတင်လက်မှတ်စရောင်းနေပေမယ့် စုံစမ်းဝယ်ယူတဲ့လုပ်သားနည်းနေ

သီတင်းကျွတ်ရုံးပိတ်ရက်အတွက် အဝေးပြေးကားတချို့ကြိုတင်လက်မှတ်စရောင်းနေပေမယ့် စုံစမ်းဝယ်ယူတဲ့လုပ်သားနည်းနေ

အောက်တိုဘာ ၃ ရက်
အရုဏ်ဦး၊ Migrant Times
  • သီတင်းကျွတ်ရုံးပိတ်ရက်အတွက် နယ်ပြန်မယ့်သူတွေကို အဝေးပြေးယာဥ်လိုင်းတချို့က ကြိုတင်လက်မှတ်စရောင်းပေးနေပေမယ့် ဝယ်ယူသူနည်းနေသေးတယ်လို့ယာဥ်လိုင်းတချို့ထံက သိရပါတယ်။အရင်ကသီတင်းကျွတ်ပိတ်ရက်အတွက် စက်ရုံလုပ်သားတွေကြိုတင်လက်မှတ်တွေ ဝယ်ယူတာ၊စုံစမ်းတာတွေတစ်လအကြိုလောက်ကတည်းကရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ မရှိသလောက်အေးနေတယ်လို့ဆိုပါတယ်။”ဝယ်မယ်ဆိုရင်တော့ရက်ချိန်းပေးရောင်းမလို့ပြင်ဆင်ထားတာ။အခုထိလာမေးတဲ့သူမရှိသေးဘူး။ထပ်စောင့်ကြည့်ရမှာပေါ့”လို့ရန်ကုန်မှ မကွေးကိုပြေးဆွဲနေတဲ့ ​ယာဥ်လိုင်း ပိုင်ရှင်တစ်ဦးကပြောပါတယ်။
  • ဒီနှစ်သီတင်းကျွတ်ရုံးပိတ်ရက်က သုံးရက်ပဲ ရှိပြီးရက်တိုတာကြောင့် ခရီးသွားလာဖို့အချိန်မလောက်တဲ့အတွက် ခရီးသွားနည်းသွားနိုင်တယ်လို့ ယာဥ်လိုင်းတချို့က ခန့်မှန်းပါတယ်။ရွှေပြည်သာစက်ရုံမှအလုပ်သမားတစ်ဦးက အထွေထွေကုန်ကျစရိတ်များပြီး ငွေအပိုမရှိတာကြောင့် မိသားစုဆီပြန်ဖို့မတတ်နိုင်သူတွေများတယ်လို့ ဆိုပါတယ်။”ကိုယ်တိုင်လည်းမပြန်တော့ဘူး။လမ်းစရိတ်ကုန်မယ့်ပိုက်ဆံပဲ အိမ်ပို့လိုက်တော့မယ်”လို့ ပြောပါတယ်။အဝေးပြေးယာဥ်လိုင်းတွေက     ကိုဗစ်ကပ်ရောဂါစတင်ချိန်ကစလို့ ရက်ကြီးခါကြီးပိတ်ရက်ခရီးသွားကျဆင်းမှုဒဏ်​ကြုံနေရတာဖြစ်ပြီး တစ်နှစ်ပြီးတစ်နှစ် ခရီးသွားနည်းလာနေတယ်လို့အဲဒီလုပ်ငန်းအသိုင်းအဝိုင်းထံက သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *