Site icon Migrant Times

ထိုင်းအလုပ်သမားတွေနဲ့ နိုင်ငံခြားအလုပ်သမား​တွေအကြား အနိမ့်ဆုံးလုပ်ခ လစာ ကွာခြားမှုမရှိကြောင်း အလုပ်သမားဝန်ကြီးက အတည်ပြု

ထိုင်းအလုပ်သမားတွေနဲ့ နိုင်ငံခြားအလုပ်သမား​တွေအကြား အနိမ့်ဆုံးလုပ်ခ လစာ ကွာခြားမှုမရှိကြောင်း အလုပ်သမားဝန်ကြီးက အတည်ပြု

အောက်တိုဘာ ၆ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံမှာ လာမယ့်နှစ်သစ်အတွက် လုပ်အားခတွေ ကျိန်းသေပေါက် တိုးလာဖို့ အစီအစဥ်ထားရှိပြီး ထိုင်းအလုပ်သမားတွေနဲ့ နိုင်ငံခြားအလုပ်သမား​တွေအကြား အနိမ့်ဆုံးလုပ်ခ လစာ ကွာခြားမှု မရှိကြောင်း အလုပ်သမားဝန်ကြီး Mr.Pipat Ratchakitprakarn က အတည်ပြု ပြောကြားလိုက်ပါတယ်။တစ်ရက်ကို လုပ်အားခ ဘတ် ၄၀၀ ကိစ္စကို ပြောဆိုခဲ့ပြီး အနည်းဆုံး လုပ်အားခ တိုးမြှင့်ပေးရန်နဲ့ ငွေကြေးဖောင်းပွမှုအပေါ် အခြေခံပြီး လုပ်အားခ အကဲဖြတ်ရာမှာ လူနေမှုစရိတ်​ေတွကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။အနိမ့်ဆုံး လုပ်အားခကို သတ်မှတ် ထုတ်ပြန်ကြေညာတဲ့အခါမှာ ထိုင်းလူမျိုးတွေနဲ့ နိုင်ငံခြားသားတွေကို ခွဲခြားမရဘဲ နိုင်ငံသားအားလုံးရဲ့ ဝန်ထမ်းတွေနဲ့ သက်ဆိုင်ပြီး အနည်းဆုံး လုပ်ခနှုန်းထားထက် ပိုမိုမြင့်မားတဲ့ လုပ်ခလစာရရှိဖို့ ၎င်းတို့၏ ကျွမ်းကျင်မှု (Up Skill) ကို အဆင့်မြှင့်တင်ဖို့ ကြိုးစားရမယ်လို့ အလုပ်သမားဝန်ကြီးက Mr.Pipat Ratchakitprakarn က ပြောကြားပါတယ်။
ကိုးကား-thainews.prd.go.th
Exit mobile version