Site icon Migrant Times

သက်တမ်းကုန်ဆုံးတော့မယ့် ပတ်စပိုစ့် CI နေထိုင်ခွင့်အတွက် ကုန်ကျငွေပိုပေးရရင် တိုင်ကြားနိုင်

ဒီဇင်ဘာ ၁၀ရက်၊ မောင်နေ့သစ်၊ Migrant Times
လာမယ့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ သက်တမ်းကုန်ဆုံးတော့မယ့် ပတ်စပိုစ့်စာအုပ် တွေ သက်တမ်းတိုးဖို့အတွက် ကုန်ကျငွေ ပိုပေးရရင် တိုင်ကြားနိုင်ကြောင်း သိရပါတယ်။
သက်တမ်းတိုးရင် ကုန်ကျမယ့် ငွေပမာဏကို ထိုင်းအစိုးရက ထုတ်ပြန်ထားပြီး ငွေပိုပေးရရင် တိုင်ကြားနိုင်တယ်လို့ မဟာချိုင်ရှိ AAC မဟာမိတ်ရုံးအဖွဲ့က အသိပေးထားပါတယ်။
ပွဲစားတွေဆီ ငွေကြေးအဆမတန်ပေးရရင် ထိရောက်စွာအရေးယူနိုင်ဖို့ AAC ရုံးအဖွဲ့နဲ့ ထိုင်းအစိုးရတာဝန်ရှိသူတွေ သဘောတူညီထားကြောင်း သိရပါတယ်။
Work Permit ၂ နှစ်စာအတွက် ၁၈၀၀ ဘတ်၊ နေထိုင်ခွင့် ဗီဇာအတွက် ၁၀၀၀ ဘတ်၊ ဖောင်တင်ဝန်ဆောင်ခ ၁၀၀ ဘတ် သက်မှတ်ထားပြီး ပကန်အာမခံကတ်ရှိသူတွေအနေနဲ့ ဘတ် ၉၀၀ ကုန်ကျမှာဖြစ်ပြီး စုစုပေါင်း ၃၈၀၀ ဘတ်ကုန်ကျမှာ ဖြစ်ပါတယ်။
ထိုင်းဘတ်ငွေ ၇၀၀၀ အထက်ပိုကောက်တဲ့ ပွဲစားတွေကို သက်သေမှတ်တမ်းတွေနဲ့ စနစ်တကျ အချက်အလက်စုဆောင်းပြီး AAC ရုံးအဖွဲ့ကို တိုင်ကြားနိုင်ကြောင်း အသိပေးကြေညာထားပါတယ်။
” အစိုးရက တရားဝင်ကြေညာထားပေမဲ့ အခုလောလောဆယ် ကျွန်တော်တို့က ပွဲစားတွေကို ၁၂,၀၀၀ လောက်ပေးထားရတယ်။ မိသားစုဝင်တွေများတော့ ပိုက်ဆံကလည်းမရှိ၊ ဒုက္ခအရမ်းရောက်ရတယ်။ ပိုတဲ့ငွေတွေကို ပွဲစားတွေက ပြန်အမ်းမလားဆိုတာပဲ စောင့်ရမယ်”လို့ မြန်မာရွှေ့ပြောင်း အမျိုးသားတစ်ဦးက Migrant Timesကို ပြောပါတယ်။
#migranttimes #myanmarworker #migrants #Myanmar #news #BreakingNews
Exit mobile version