ဒီဇင်ဘာ ၇ရက်၊အရုဏ်ဦး
တောင်ကိုရီးယားရောက်မြန်မာလုပ်သားတွေအနေနဲ့ မိသားစုဆီတရားဝင်ငွေလွှဲပို့ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POES)ကအသိပေးထားပါတယ်။
အလုပ်သမားတွေအနေနဲ့ လစာရဲ့၂၅ရာခိုင်နူန်းကို တစ်လချင်းဖြစ်စေ၊ သုံးလကိုတစ်ကြိမ်ဖြစ်စေမိသားစုဆီတရားဝင်ငွေလွှဲပို့ဖို့အသိပေးထားတာဖြစ်ပါတယ်။
အဲဒီလိုငွေလွှဲပို့ထားတဲ့အထောက်အထား၊စာရွက်စာတမ်းတွေကိုလည်း အမည်၊ နိုင်ငံကူးလက်မှတ်အမှတ်၊ မြန်မာနိုင်ငံကနေစတင်ထွက်ခွာတဲ့နေ့တို့နဲ့အတူ ဌာနရဲ့ Viberဆီပေးပို့ဖို့ကိုလည်း ဖော်ပြထားပါတယ်။
“ကိုယ့်သဘောနဲ့ကိုယ်လွှဲချင်မှ လွှဲမှာပေါ့။အိမ်ကမိသားစုတောင်အဲဒီလောက်ထိမပူဆာဘူး။သူတို့က ငွေလွှဲဖို့ကိုပဲ ဖိအားပေးနေတော့တာ”လို့ တောင်ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံကို POEAက အလုပ်သမားတရားဝင်လွှတ်နေတာဖြစ်ပြီး လစဥ်အလုပ်သမားထောင်နဲ့ချီထွက်ခွာနေတာ ဖြစ်ပါတယ်။
လက်ရှိတောင်ကိုရီးယားမှာ မြန်မာလုပ်သား ၇၀,၀၀၀ နီးပါးရောက်ရှိလုပ်ကိုင်နေပြီး သက်တမ်းပြည့်လုပ်သားတချို့အနေနဲ့ နေရပ်မပြန်ဘဲ အထူးဗီဇာ G1-99လျှောက်ကာ ဆက်လက်နေထိုင်လုပ်ကိုင်နေကြတယ်လို့ အဲဒီရောက်မြန်မာလုပ်သားတွေဆီက သိရပါတယ်။