Site icon Migrant Times

ရန်ကုန်မှာ စက်ရုံလုပ်သားတချို့လစာမလောက်လို့ မှတ်ပုံတင်ပေါင်ပြီး စားသောက်ရေးဖြေရှင်းနေရ

ဒီဇင်ဘာ ၅ရက်၊ အရုဏ်ဦး
ရနိကုန်မြို့မှာ ရတဲ့လစာနဲ့လုံလောက်မူမရှိလို့ မှတ်ပုံတင်ကို ပေါင်ကာ စားသောက်ရေးဖြေရှင်းနေရတဲ့အလုပ်သမားတွေ များလာတယ်လို့ စက်ရုံလုပ်သားတွေဆီက သိရပါတယ်။
အလုပ်သမားတွေအနေနဲ့ လကုန်ခါနီးအချိန်တွေမှာ ငွေပြတ်လပ်လေ့ရှိပြီး ပေါင်နှံစရာမရှိလို့ မှတ်ပုံတင်ကို ပေါင်နှံသုံးစွဲနေကြရတာလို့ ဆိုပါတယ်။
“မှတ်ပုံတင်ကို အပေါင်ထားတာကအရင်ကလည်းရှိဖူးတယ်။အခုက ပိုများလာတာ။ငွေချေးတဲ့သူကလည်း သက်သေပစ္စည်းတခုခုပေးမှဆိုတော့မှတ်ပုံတင်ကိုပဲအလွယ်ပေါင်ကြတာ”လို့ ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။
အဲဒီလိုမှတ်ပုံတင်ကို အပေါင်ထားရင် ကျပ် ၃၀၀၀၀ကနေ ကျပ် ၅၀၀၀၀ လောက်အထိ ငွေချေးလို့ရပြီး လစာထုတ်မှပြန်ရွေးယူကြလေ့ရှိတယ်လို့လည်း အလုပ်သမားတွေဆီက သိရပါတယ်။
“တချို့စက်ရုံကအလုပ်သမားခေါင်းဆောင်တွေက ဒီအတိုင်းချေးတာလည်းရှိတယ်။လစာထုတ်တာနဲ့တန်းဖြတ်တာ။လစာထုတ်ရင်အကြွေးဆပ်ရတာနဲ့မလည်ဘူး။အကြွေးကင်းသူဆိုတာရှားတယ်”လို့ စက်ရုံလုပ်သားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
စက်ရုံလုပ်သားတွေအနေနဲ့ ရရှိတဲ့လစာနဲ့လုံလောက်မူမရှိတာကြောင့် အိမ်ပြန်ထောက်ပံ့နိူင်သူနည်းလာတယ်လို့လည်းသူတို့က ဆိုပါတယ်။
လက်ရှိမှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေပြီး လုပ်ခတိုးမလာတာကြောင့် ကြပ်တည်းမှုနဲ့ဆိုးရွားစွာကြုံနေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
ရန်ကုန်မြို့က စက်ရုံလုပ်သားတွေကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ – Migrant Times
#migrants Migrant Times #migranttimes #myanmarworker #Myanmar #news #BreakingNews
Exit mobile version