နိုဝင်ဘာ ၂၉ရက်၊Migrant Times
ထိုင်းနိုင်ငံ၊ ဆာမွတ်ဆာခွန်ပြည်နယ် မဟာချိုင်ဈေးအနီးက ရာမာ (၂)လမ်းမကြီးမှာ ဆောက်လုပ်ဆဲ မိုးပျံအဝေးပြေးလမ်းတံတား ပြိုကျမှုဖြစ်ရာ မြန်မာလုပ်သားအပါအဝင် လေးဦးသေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၉ ရက် နံနက် (၄) နာရီလောက်က ဖြစ်ပွားခဲ့တာပါ။
မိုးပျံလမ်းတံတားပြိုကျမှုကြောင့် မြန်မာလုပ်သားတွေအပါအဝင် လေးဦးသေဆုံးပြီး (၁၀)ဦး ထိခိုက်ဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေဟာ အဲဒီလမ်းတံတားက လုပ်သားတွေလို့ သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမှာ လုပ်သား (၃၉) ဦးရှိနေခဲ့ပြီး (၂၅)ဦးက ဘေးကင်းလုံခြုံစွာကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲ့ဒီလို လမ်းပြိုကျမှုကြောင့် လမ်းအသုံးပြုသူများကိုလည်း တောင်ပိုင်းမှ ယာဉ်မောင်းများအတွက် ဘန်ကောက်မြို့သို့ ဝင်ရောက်ရန် Petchkasasem လမ်းကို အသုံးပြုဖို့ အဝေးပြေးလမ်းမကြီး ရဲတပ်ဖွဲ့ က အသိပေးထားပါတယ်။
ဒါ့အပြင် ဘန်ကောက်မြို့က ထွက်တဲ့ ယာဉ်အသွားအလာအတွက် တောင်ဘက်ကို ဦးတည်နေတဲ့ ပက်ခ်ကာစမ်လမ်းမကြီးနဲ့ ဘော်ရွန်မာရာတီချွန်နီလမ်းမကြီးကို အသုံးပြုဖို့ အသိပေးထားတာကိုလည်း တွေ့ရပါတယ်။
ကိုးကား၊ ဓာတ်ပုံ – Khaosod