သွားရောက်မယ့်နိုင်ငံရဲ့လေယာဥ်လက်မှတ်ပြနိုင်မှ OWICကတ် ထုတ်ပေးတော့မယ်

နိုဝင်ဘာ၂၈ရက်၊အရုဏ်ဦး
ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေ ပြည်ပအလုပ်အကိုင်သက်သေခံကတ်(OWIC) လျှောက်ရင် သက်ဆိုင်ရာနိုင်ငံဆီသွားမယ့်လေယာဥ်လက်မှတ်ပြနိုင်မှ လက်ခံတော့မယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အလုပ်သမားတွေအနေနဲ့အရင်သတ်မှတ်ထားတဲ့အချက်အလက်တွေအပြင် နိုဝင်ဘာ ၂၇ကစပြီး လေယာဥ်လက်မှတ်ပြနိုင်မှ OWICကတ်ထုတ်ပေးမယ်ဆိုပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။
“လေယာဥ်လက်မှတ်ပြရမယ်ဆိုတော့အလုပ်ပိုရူပ်ကုန်တယ်။ ဘယ်နေ့သွားရမယ်အတိအကျမသိတော့ လေယာဥ်ဒိတ်ယူဖို့ကမလွယ်ဘူးလေ”လို့ OWICကတ်လျှောက်ဖို့ပြင်ဆင်နေသူတစ်ဦးကပြောပါတယ်။
ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်မယ့် အလုပ်အကိုင်အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေအနေနဲ့ OWICကတ်ရှိမှပဲ ထွက်ခွာခွင့်ရရှိတာ ဖြစ်ပါတယ်။
အဲဒါကြောင့် OWICကတ်ကိုမဖြစ်မနေလျှောက်ကြရပြီး ကတ်ရဖို့ကြာချိန်နှစ်ပတ်နီးပါးစောင့်ဆိုင်းရတယ်လို့ ကိုယ်တိုင်ပြုလုပ်ခဲ့သူတွေကဆိုပါတယ်။
အဲဒီကတ်လျှောက်ရာမှာ လူသစ်တွေအနေနဲ့ နိုင်ငံကူးလက်မှတ်၊သန်းခေါင်စာရင်း၊ အလုပ်ခေါ်စာ၊ အေဂျင်စီထောက်ခံချက်၊ စမတ်ကတ်တို့ပြရပြီး ခွင့်ပြန်အလုပ်သမားတွေအနေနဲ့မိသားစုဆီလွှဲပို့ငွေ၊အခွန်ဆောင်ထားတဲ့အထောက်အထားနဲ့အလုပ်ခွင့်စာတို့လိုအပ်တယ်လို့ သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *