နိုဝင်ဘာ ၂၆ရက်၊ Migrant Times
မြန်မာနိုင်ငံ မြ၀တီမြို့ဘက်ခြမ်းမှာ အခြေပြုလုပ်ကိုင်တဲ့ တရားမဝင်လုပ်ငန်းတစ်ခုကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ နိုင်ငံခြားသား (၃၉)ဦးကို ထိုင်းအာဏာပိုင်တွေက ကယ်တင်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူတွေရဲ့ ထွက်ဆိုချက်အရ တာ့ခ်ခရိုင် မဲဆောက်မြို့နဲ့ အရှေ့ဘက် မြန်မာနယ်စပ် မြဝတီမြို့က တရုတ်နိုင်ငံသားတွေရဲ့ ခေါ်ဆိုရေးစင်တာ ဂိုဏ်းတစ်ခုမှာ အတင်းအကျပ် အလုပ်ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ကျော်လာပြီး တာ့ခ်ခရိုင်အတွင်းမှာ ထိုင်းအာဏာပိုင်တွေရဲ့ နယ်စပ်နယ်မြေ ကင်းလှည့်နေချိန် နိုဝင်ဘာ ၂၅ ရက် နံနက် အစောပိုင်းက တွေ့ရှိခဲ့ကြတာလို့ သိရပါတယ်။
သီရိလင်္ကာနိုင်ငံသား (၃၂) ဦး၊ နီပေါနိုင်ငံသား (၅)ဦး၊ ရုရှားနိုင်ငံသား (၁)ဦးနဲ့ မလေးရှားနိုင်ငံသား (၁)ဦးတို့ ပါဝင်တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူတွေအတွက် သက်ဆိုင်ရာ သံရုံးတွေကို ဆက်သွယ်အကြောင်းကြားထားပြီး အမျိုးသား လွှဲပြောင်းပေးရေး ယန္တရားနဲ့ နေရပ်ပြန်ပို့မယ့် ကိစ္စရပ်တွေကို ခရိုင်လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ရုံးဆီ ပို့ဆောင်ထားတယ်လို့ ထိုင်းအာဏာပိုင်ကတွေက ပြောပါတယ်။