Site icon Migrant Times

မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် အလုပ်ရရှိရေးအတွက် အစာငတ်ခံဆန္ဒပြ

နိုဝင်ဘာ ၂၂။
မောင်နေ့သစ်၊Migrant Times
မဟာချိုင်မြို့၊ စမုဆာခွန်ခရိုင်အတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် နိုဝင်ဘာလ ၂၁ရက်နေ့က အစာငတ်ခံဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
အဆိုပါလုပ်သား ၁၀၀ ကျော်သည် အလုပ်ရရှိရန်အတွက် အလုပ်ပွဲစားကို တစ်ဦးလျှင် ၃၀၀၀ -ဘတ်မှ၅၀၀၀-ဘတ်အထိ အလုပ်စမက်ကြေးအဖြစ်ပေးဆောင်ထားရပြီး ချိန်းထားတဲ့ရပ်အတွင်း အလုပ်မရရှိသဖြင့် ယခုလိုအစာငတ်ခံ ဆန္ဒပြတာလည်းဖြစ်ပါတယ်။
“အလုပ်စမက်ကြေးအဖြင့် ကောက်ခံပြီးအလုပ်သွင်းပေးမည်ဟုပြောကာ လိမ်လည်နေတဲ့ မြန်မာပွဲစားနဲ့ ထိုင်းလူမျိုးပွဲစားတွေကြောင့် ငွေကြေးလိမ်လည်ခံရမှုတွေက မဟာချိုင်နယ်မြေဘက်မှာ အများဆုံးပဲ ကျွန်မကိုယ်တိုင်လည်း အလိမ်ခံထားရတာ ၁သောင်း ၄ထောင် အခုထိ အလုပ်လည်းမရ ပိုက်ဆံလည်းမရဘူး” ဟု မြန်မာရွှေ့ပြောင်း အမျိုးသမီးတစ်ဦးက Migrant Times ကိုပြောပါတယ်။
ဆန္ဒပြနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ပြသာနာကိုဖြေရှင်းပေးရန်အတွက် ထိုင်းနယ်မြေခံရဲများကလာရောက်ဖြေရှင်းခဲ့တယ်လို့လည်း သိရပါတယ်။
#migranttimes #BreakingNews #news #myanmarworker #migrant #Myanmar
Exit mobile version