Site icon Migrant Times

ထိုင်းနိုင်ငံမှာ မြန်မာတွေတင်ဆောင်လာတဲ့ကားတစ်စီးမှောက်လို့ ၇ဦးသေဆုံး

နိုဝင်ဘာ ၂၀၊
မောင်နေ့သစ်၊ Migrant Times
ထိုင်းနိုင်ငံ ဘန်လန်းခရိုင်အတွင်းမှာ ဒီကနေ့ နိုဝင်ဘာ၂၀ရက်နံနက်က မြန်မာနိုင်ငံသားတွေတင်ဆောင်လာတဲ့ ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး လူ ၇ဦးသေဆုံးခဲ့ပါတယ်။
ကားမောင်သမားဟာ ဘန်လန်းခရိုင်၊ ဘန့်ပလာရဲစစ်ဆေးရေးဂိတ်မှာ အမြန်မောင်းနှင်ထွက်ပြေးခဲ့တာကြောင့် လမ်းကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက လျှစ်စစ်မီးတိုက်ကို ဝင်တိုက်ခဲ့ပြီး ရေမြောင်းအတွင်း ပြုတ်ကျခဲ့တာဖြစ်ပါတယ်။
သေဆုံးသူအားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၅ဦး စုစုပေါင်း ၇ဦး သေဆုံးခဲ့ပါတယ်။
ထိုင်းကယ်ဆယ်ရေးအဖွဲ့က သေဆုံးသွားတဲ့မြန်မာနိုင်ငံသား ၇ဦးရဲ့ အလောင်းတွေကို နခွန်ပတုန်ခရိုင်အတွင်းက ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဖြစ်စဥ်နဲ့ပတ်သက်လို့ ဆက်လက်အရေးယူနိုင်ဖို့ရဲတပ်ဖွဲ့က ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
ကိုးကားသတင်း- Khaosod
Exit mobile version