Site icon Migrant Times

ကုန်ကားအောက်ကနေ လိုက်ပါလာတဲ့ မြန်မာ ၈ ဦး မဲဆောက်မှာ ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၈ ရက်၊ Migrant Times
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ (၁၈)ဘီးကုန်တင်ကားအောက်ပိုင်းကနေ လိုက်ပါလာတဲ့ မြန်မာ ၈ ဦးကို နိုဝင်ဘာလ ၁၆ ရက်က ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ပါတယ်။
ထိုင်းစစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအရာရှိတွေ ပါဝင်တဲ့ပူးပေါင်းအဖွဲ့က တာ့ခ်ခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးခဲ့ရာကနေ အခုလို တရားမဝင်နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ မြန်မာ ၈ ဦးကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာတဲ့ ကုန်တင်ကားအောက်ပိုင်းမှာ တပ်ဆင်ထားတဲ့ သစ်သားအံဝှက်ထဲမှာ မြန်မာနိုင်ငံသား အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးကို တင်ဆောင်လာတာဖြစ်ပါတယ်။
အဲဒီကုန်တင်ကားကို သိမ်းဆည်းထားပြီး ထိုင်းလူမျိုးကားမောင်းသမားနဲ့ မြန်မာ ၈ ဦးကို မဲဆောက်ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ-Khaosod News
Exit mobile version