Site icon Migrant Times

မလေးရှားမှာ အလုပ်သွားလုပ်ဖို့ ထိုင်းနိုင်ငံကို တရားမဝင်ဖြတ်သန်းလာတဲ့ မြန်မာ ၂၄ ဦး ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၃ ရက်
Migrant Times
မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ထိုင်းနိုင်ငံကို တရားမဝင် ဖြတ်သန်းဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၄ ဦးကို ထိုင်းအာဏာပိုင်တွေက မနေ့က ဖမ်းဆီးမိခဲ့ပါတယ်။
ထိုင်းလူမျိုး ကားမောင်းသမားတစ်ဦး၊ မြန်မာလူမျိုး အလုပ်သမားပွဲစားတစ်ဦးနဲ့အတူ မြန်မာနိုင်ငံသား အလုပ်သမား ၂၄ ဦးကို ထိုင်းနိုင်ငံ၊ ဟတ်ရိုင်ပြည်နယ်မှာ ဖမ်းဆီးမိခဲ့တာပါ။
ထိုင်းလူမျိုး ကားမောင်းသမား မောင်းနှင်လာတဲ့ ကားတစ်စီးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိတွေက တားဆီးစစ်ဆေးရာမှာ ကားထဲမှာ တရားမဝင်မြန်မာလုပ်သား ၃ ဦးကို တွေ့ရှိခဲ့ပါတယ်။
အဲဒီအလုပ်သမား ၃ ဦးကို မော်တော်ဆိုင်ကယ်စီးပြီး လာတွေ့တဲ့ မြန်မာလူမျိုး ပွဲစားကိုပါ ထိုင်းအာဏာပိုင်တွေက စောင့်ဆိုင်းဖမ်းဆီးခဲ့ပြီး အဲဒီပွဲစားကို စစ်ဆေးမေးမြန်းရာကနေ ဟတ်ရိုင်ခရိုင်က နေအိမ် ၃ လုံးမှာ နောက်ထပ် တရားမဝင်မြန်မာလုပ်သား ၂၁ ဦးကို ထပ်မံဖမ်းဆီးမိခဲ့ပါတယ်။
သူတို့အားလုံးကို တရားဥပဒေအရ အရေးယူမှာဖြစ်ပြီး အမှုနဲ့ ဆက်စပ်သူအားလုံးကို ထပ်မံဖော်ထုတ်ဖမ်းဆီးမယ်လို့ သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ-ဘန်ကောက်ပို့စ်
Exit mobile version