နိုဝင်ဘာ ၁၁၊အရုဏ်ဦး
ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ နီးပါးက စေလွှတ်ခဲ့တဲ့အလုပ်သမားတွေရဲ့မိသားစုဆီလွှဲပို့ငွေအထောက်အထားပေးပို့ဖို့ ပျက်ကွက်နေတယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီအေဂျင်စီတွေအနေနဲ့ အောက်တိုဘာလမှာစေလွှတ်ခဲ့တဲ့အလုပ်သမားရဲ့လွှဲပို့ငွေစာရင်းမပြနိူင်တာလို့ ဆိုပါတယ်။
လွှဲပို့ငွေအထောက်အထားကို နိုဝင်ဘာ၁၁ရက် နောက်ဆုံးထားပေးပို့ဖို့နဲ့ ထပ်ပြီးပျက်ကွက်ရင် ဒဏ်ကြေပေးဆောင်ရမယ့်အပြင် အလုပ်ခေါ်စာအသစ်တင်ခွင့်ပါဆိုင်းငံ့သွားမယ်လို့လည်းသတိပေးထားပါတယ်။
“တော်တော်များများကစာရင်းပြနိုင်ဖို့အခက်အခဲရှိတယ်။အရေးယူမခံရအောင်တော့ကြံဖန်ရတာပဲ”လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ပြည်ပရောက်မြန်မာလုပ်သားတွေကို လစာရဲ့ ၂၅ရာခိုင်နူန်းမိသားစုဆီတရားဝင်လွှဲပို့ဖို့ ညွန်ကြားထားတာဖြစ်ပါတယ်။
အလုပ်သမားက ငွေလွှဲပို့ဖို့ကိုအေဂျင်စီတွေက ကြပ်မက်ဆောင်ရွက်ဖို့ ညွန်ကြားထားသလို လစဥ်စာရင်းမပို့နိုင်ရင်အရေးယူပြီး ဖိအားပေးမူတွေရှိနေပါတယ်။
MoUမြန်မာလုပ်သားတွေကို ထိုင်းနိုင်ငံစေလွှတ်နေတာကို ၂၀၂၂က တွေ့ရစဉ်။ ဓာတ်ပုံ – မြန်မာသံအရာရှိရုံး