ထိုင်းအစိုးရစာသင်ကျောင်းမှာ မြန်မာရွှေ့ပြောင်းကလေးငယ်တစ်ဦး ထူးချွန်ဆုရ

နိုဝင်ဘာ ၇ ရက်
မောင်နေ့သစ်၊ Migrant Times
ထိုင်းတောင်ပိုင်း၊ ဖန်ငခရိုင်၊ ထိုင်းအစိုးရပညာရေးဌာနကပြုလုပ်တဲ့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားပြော စွမ်းရည်ပြိုင်ပွဲမှာ မြန်မာကလေးငယ်တစ်ဦး ပထမဆု ရခဲ့ပါတယ်။
ထူးချွန်ဆုရတဲ့ မောင်မင်းခန့်ကိုဟာ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က ဖွင့်လှစ်ထားတဲ့ ရွှေ့ပြောင်းမြန်မာကလေးများကျောင်း ( ULC )မှာ မူလတန်းကနေ အလယ်တန်းအထိ ပညာသင်ကြားခဲ့တဲ့ ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။
” တက်နေတဲ့ ကျောင်းက (Thai Mueang Industrial and Community Education College) အသက်မွေး၀မ်းကျောင်းပညာရပ်တွေ သင်တဲ့ ကောလိပ်မှာပါ။ ယူထားတာတဲ့ မေဂျာက ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဆိုင် ရာ‌မေဂျာပါ။ အဓိကယူထားတာကတော့ ဟိုတယ်ပိုင်း( Hospitality)ဆိုင်ရာ‌ပါ။ အခုရရှိတဲ့ဆုက ဖန်ငခရိုင်က ကျောင်းပေါင်းစုံ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားပြောနဲ့ ပထမဆု ရတာပါ။ ပြည်နယ်အဆင့် တက်ရဦးမယ်။ အဲ့ဒီမှာ 1 to 3 အထိရရင် နိုင်ငံအဆင့်အထိ တက်ရမယ်” လို့ မောင်မင်းခန့်ကိုက Migrant Times ကို ပြောပါတယ်။
မောင်မင်းခန့်ကိုဟာ FED-ULC ကျောင်းမှာ တတ်ရောက်
စဥ်ကလည်း ထူးချွန်ဆုတွေ ရရှိခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *