ဇန်နဝါရီ ၁ရက်၊အရုဏ်ဦး
ရန်ကုန်မြို့မျာရွှေ့ပြောင်းလုပ်သားတွေ တိုးလာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်တွေပိုများလာတယ်လို့ အလုပ်သမားအရေးလူပ်ရှားသူတွေဆီက သိရပါတယ်။
နိုင်ငံတဝန်း စစ်ရေးတင်မာနေတဲ့ဒေသတွေက ပြည်သူတချို့ဟာ ရန်ကုန်မြို့ကို ရွှေ့ပြောင်းလာကြပြီး သူတို့အတွက် နေထိုင်ရေးနဲ့အလုပ်အကိုင် ရရှိရေးစိန်ခေါ်မှုတွေရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ရန်ကုန်ကိုရောက်ပြီဆိုတာနဲ့ဘာပဲ ဖြစ်ဖြစ်ဝင်ငွေရှိနေမှရမှာ။ အခုအလုပ်ရှာနေတဲ့အထဲမှာဆို တိုင်းရင်းသားဒေသကသူတွေပါများလာတယ်။အလုပ်ရဖို့ဆိုတာလည်းတော်တော်ခက်တယ်”လို့ လှိုင်သာယာမြို့နယ်မှာ အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အလုပ်အကိုင်လိုအပ်သူများတာကိုအကြောင်းပြုပြီး လုပ်ငန်းအချို့က လုပ်ခစျေးနှိမ် ပေးတဲ့ဖြစ်ရပ်တွေရှိလာတယ်လို့လည်း အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။
“အလုပ်ရရင်ပြီးရောဆိုသူတွေရှိလာတော့ တချို့သူဌေးတွေက ပေးသင့်တဲ့ပမာဏထက်လျှော့ပေးတယ်။ သူ့အတွက်က အလုပ်သမားပေါပေါသီသီရနိူင်တဲ့အနေအထားဖြစ်နေတာလေ”လို့ ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ အနည်းဆုံးလုပ်ခကို ၄,၈၀၀ကျပ်နဲ့ထောက်ပံ့ကြေး ကျပ် ၂,၀၀၀ သတ်မှတ်ထားပေမယ့် အဲဒီပမာဏပြည့်အောင်မပေးတဲ့လုပ်ငန်းအများအပြားရှိနေတယ်လို့လည်း သူတို့က ပြောပါတယ်။