ဒီဇင်ဘာ ၂၃၊ဒရက်၊ အရုဏ်ဦး
တောင်ကိုရီးယားနိုင်ငံကို အမျိုးသမီးတွေပါသွားရောက်လုပ်ကိုင်နိုင်မယ့် ဝန်ဆောင်မှုလုပ်ငန်းအတွက်အလုပ်လျှောက်လွှာကို ဇန်နဝါရီလဆန်းမှာစတင်လက်ခံသွားမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာပါတယ်။
ဝန်ဆောင်မှုလုပ်ငန်းအုပ်စု(၁)အတွက်အလုပ်လျှောက်လွှာကို ဇန်နဝါရီ ၂ရက်မှာထုတ်ပေးသွားမှာဖြစ်ပြီး ဇန်နဝါရီ၈ရက်မှာ အလုပ်လျှောက်လွှာလက်ခံပေးသွားမယ်လို့ ဆိုပါတယ်။
ဝန်ဆောင်မူလုပ်ငန်းနဲ့အတူ ကုန်ထုတ်လုပ်ငန်း(ပထမအသုတ်)အတွက် အလုပ်လျှောက်လွှာတွေကိုလည်း ဇန်နဝါရီ ၃ရက်၊၆ရက်နဲ့၇ရက်တို့မှာထုတ်ပေးမှာဖြစ်ပြီး ဇန်နဝါရီ၉ရက်၊၁၀ရက် နဲ့ ၁၃ရက်မှာ လက်ခံပေးသွားမယ်လ်ု့လည်း ကြေညာထားပါတယ်။
ဝန်ဆောင်မူလုပ်ငန်းအမျိုးအစားကို ဒီနှစ်လယ်ပိုင်းကပြုလုပ်တဲ့ EPS-Topik(၁၆)ကြိမ်မြောက်စာမေးပွဲမှာပထမဆုံးထည့်သွင်းတာဖြစ်ပြီး အမျိုးသမီးတွေကိုလည်း ဝင်ရောက်ဖြေဆိုခွင့်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒီလုပ်ငန်းအတွက်အမျိုးသမီး ၃၀၀၀နီးပါးစာမေးပွဲအောင်မြင်ထားပြီး အလုပ်သမားဦးရေဘယ်လောက်ထွက်ခွာခွင့်ရမယ်ဆိုတာအတိအကျမသိရသေးပါဘူး။
“မြန်မာအမျိုးသမီးတွေကပထမဆုံးသွားလုပ်ခွင့်ရမှာဆိုတော့ အစပိုင်းမှာစမ်းခေါ်မယ့်အနေအထားရှိမယ်။အရည်အချင်းကောင်းရင်ကောင်းသလောက်နောက်လူတွေအတွက်အခွင့်အလမ်းပိုများနိူင်တယ်”လို့ ကိုရီးယားဘာသာသင်တန်းနည်းပြတစ်ဦးက ပြောပါတယ်။
အလုပ်လျှောက်လွှာတင်ချိန်မှာ PJဖြစ်စေ၊PVဖြစ်စေ နိုင်ငံကူးလက်မှတ်သက်တမ်း တစ်နှစ်ကျန်ရှိရမှာဖြစ်ပြီးအလုပ်ခေါ်စာကျချိန်မှာ PJနိူင်ငံကူးလက်မှတ်ဖြစ်နေရမယ်လို့လည်း POEAက အသိပေးထားပါတယ်။
အလုပ်လျှောက်လွှာတင်သူတိုင်း တောင်ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ရမယ်လို့ အာမမခံကြောင်းလည်းဆိုပါတယ်။
လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၇၀၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေတယ်လို့လည်းမှတ်တမ်းတွေအရ သိရပါတယ်။