မြန်မာ့စီးပွားရေး (GDP) ဟာ လာမယ့် ၂၀၂၅ ခုနှစ် မတ်လကုန် ဘဏ္ဍာနှစ်မှာ ၁ ရာခိုင်နှုန်း ထပ်မံကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလကစတင်ပြီး ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း ၁ ဒသမ ၅ သန်းရှိလာမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံဟာ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစပြီး ပဋိပက္ခေတွ၊ သဘာဝဘေး အန္တရာယ်တွေ
ကြောင့် ဖြစ်ပေါ်လာတဲ့ အလုံးစုံသော အကျပ်အတည်းတွေနဲ့ ကျပ်ငွေတန်ဖိုး ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းကာ ပြင်းထန်တဲ့ ပဋိပက္ခအကျပ်အတည်းနဲ့ ရင်ဆိုင်နေခဲ့ရပြီး လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေပြီး အထူးသဖြင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေ ကိစ္စလည်း ကြီးမားသော စိန်ခေါ်မှု ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလကစတင်ပြီး ရှုပ်ထွေးတဲ့ အကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီး ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း ၁ ဒသမ ၅ သန်း တိုးလာမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး စုစုပေါင်း ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ ၃ ဒသမ ၅ သန်း ဒါမှမဟုတ် စုစုပေါင်းလူဦးရေရဲ့ ၆ ရာခိုင်နှုန်းခန့် ရှိမှာ ဖြစ်ပါတယ်။
စစ်တပ်မှ အာဏာသိမ်းပြီးကတည်းက လူပေါင်း ၃ ဒသမ
၅ သန်းခန့် နိုင်ငံတွင်းမှ စွန့်ခွာထွက်ပြေးနေရပြီး တချို့ လည်း နယ်စပ်ဖြတ်ကျော်ပြီး ရွှေ့ပြောင်းနေထိုင်မှု ပြဿနာ ကြီးထွားလာြပီး အထူးသဖြင့် တရားမဝင် လူဝင်မှု ကြီးကြပ်ရေး ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းအားဖြင့် စစ်မှုထမ်းခြင်းဥပဒေသစ်ကို ပြဋ္ဌာန်းခြင်းကြောင့် ဖြစ်ပါတယ်။
မြန်မာ့ပြည်တွင်းနိုင်ငံရေး စစ်ရေး ပဋိပက္ခဟာ အလွန်ရှည်လျားတဲ့ ကာလက ပိုမိုပြင်းထန်လာပြီး ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ထိခိုက်ရုံသာမက နိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို ပြင်းထန်စွာ သက်ရောက်မှုရှိနေပြီး ထောက်ပံ့ရေးကွင်းဆက်တွေနဲ့ ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး စီးပွားရေး တိုးတက်လှုပ်ရှားမှု နှေးကွေးစေပါတယ်။
ပြီးတော့ စီးပွားရေး မသေချာ မရေရာမှုတွေ တိုးပွားလာပြီး ဒီအခြေအနေမှာ မလွဲမသွေ နောက်ဆုံးနည်းလမ်းအနေနဲ့ ပိုမိုကောင်းမွန်တဲ့ စီးပွားရေး အခွင့်အလမ်းတွေ
ရှိရာကို ရှာဖွေပြီး ပြောင်းရွေ့နေထိုင်မှုကို တွန်းအားဖြစ်စေပါတယ်။
မြန်မာနိုင်ငံမှာ အိမ်ထောင်စုတွေ ဆိုးဆိုးရွားရွား ထိခိုက်စေပြီး လူဦးရေ ၁၄ ဒသမ ၃ သန်း ဒါမှမဟုတ် ခန့်မှန်းခြေအားနဲ့ လူဦးရေရဲ့ လေးပုံ တစ်ပုံ၊ လွန်ခဲ့တဲ့နှစ်မှာ ၁၀ ဒသမ ၇ သန်းကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ စားနပ်ရိက္ခာ ဖောင်းပွမှု နဲ့ ဖူလုံမှု ကုန်စည်ပြတ်လပ်မှု ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ဟာ ၂၀၂၅ ခုနှစ် မတ်လမှာ ကုန်ဆုံးမယ့် ဘဏ္ဍာနှစ်မှာ ၁ ရာခိုင်နှုန်း ကျုံ့သွားမည်ဖြစ်ပြီး အရင်ခန့်မှန်းချက်ထက် ၁ ရာခိုင်နှုန်း ကျဆင်းသွားပြီး အခုနှစ် GDP ဟာ ၂၀၁၉ ခုနှစ်ထက် ၁၁ ရာခိုင်နှုန်းခန့် လျော့ကျသွားမှာဖြစ်ကြောင်း၊ အဲဒါနဲ့အတူ ငွေကြေးဖောင်းပွမှုဟာလည်း ၂၆ ရာခိုင်နှုန်းအထိ စီးပွားရေး ဘက်စုံအကျပ်အတည်းက မြင့်မားနေဦးမယ်လို့ ကမ္ဘာ့ဘဏ် ခန့်မှန်းချက်အရ သုံးသပ်ထားပါတယ်။
မြန်မာပြည်တွင်း နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်တွေ အပါအဝင် မြန်မာ့ကျပ်ငွေဟာ ၂၀၂၄ ခုနှစ် ပထမ ၈ လမှာ ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှု မြင့်မားခဲ့ပြီး ပြည်ပနိုင်ငံကိုရွှေ့ပြောင်းတာနဲ့ အကျပ်အတည်းတွေ စွန့်ခွာထွက်ခွာပြီး ပြည်ပနိုင်ငံကို သွားရောက် အလုပ်လုပ်တာဟာ စီးပွားရေးအပေါ် များစွာ သက်ရောက်မှုရှိကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာ့စီးပွားရေး ကဏ္ဍတိုင်းမှာ စိန်ခေါ်မှုများပြီး စိုက်ပျိုးရေးမှာရော ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ကုန်ကြမ်းရှားပါးမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး မတည်မငြိမ် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုနဲ့ ပြည်တွင်းဝယ်လိုအား ကျဆင်းမှုဟာ ထူထပ်နေတဲ့ အကျပ်အတည်းတွေ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
မကြာသေးမီက တိုင်ဖွန်း Yagi မုတ်သုံရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မြို့ ၁၉၂ မှာ လူ ၂ ဒသမ ၄ သန်း ထိခိုက်ကြောင်း သိရပါတယ်။
ပြည်တွင်း စစ်ဘေးဒဏ်နဲ့ စစ်မှုထမ်းဖိအားတွေ
ကြောင့် ထိုင်းနိုင်ငံကို ရွှေ့ပြောင်း နေထိုင်သူ ၂ သန်းကျော်ထိ အခြေချမှုတွေဟာ မြန်မာ့စီးပွားရေးရဲ့ ပျက်စီးလွယ်တဲ့အခြေအနေကို ထင်ဟပ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ-ထိုင်း အစီအစဉ် အကြီးအကဲ ဘောဂဗေဒပညာရှင် Kim Edwards က ပြောကြားခဲ့ပါတယ်။
ထိုင်းနဲ့မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားတွေဟာ မြန်မာနိုင်ငံတွင်း ဝင်ငွေထက် သုံးဆရရှိပြီး ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံရှိ မြန်မာအလုပ်သမားတွေဟာ မြန်မာနိုင်ငံတွင်း ၀င်ငွေထက် ဆယ်ဆ ပိုရရှိပြီး ပြည်ပရောက် မြန်မာအလုပ်သမားတွေဟာ မိသားစုတွေ အတွက် အရေးကြီးတဲ့ ဝင်ငွေရင်းမြစ်အဖြစ် အိမ်ကို ၇
ဒသမ ၅ ရာခိုင်နှုန်း ပြန်ပို့တာကြောင့် ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ အစီရင်ခံစာတေွက ဖော်ပြထားပါတယ်။
အခုအခါမှာ ပြည်ပရောက် မြန်မာအလုပ်သမားတွေဟာ ပြည်တွင်းကို အခွန်ဆောင်ရမယ့် ဝန်ထုပ်ဝန်ပိုးေတွ ထပ်မံရင်ဆိုင်နေရပြီး အကြောင်းကတော့ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေကို ဝင်ငွေခွန် ပေးဆောင်ရမယ့် ဥပဒေသစ်ကို မြန်မာအစိုးရက ထုတ်ပြန်လိုက်တာကြောင့် ဖြစ်ပါတယ်။
အထူးသဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက် နောက်ပိုင်းမှာ အလုပ်လုပ်ခဲ့မယ်ဆိုရင် အထူးသဖြင့် ပြည်ပမှ ရရှိတဲ့ဝင်ငွေအားလုံးအတွက် အပိုထပ်ဆောင်းအခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။
အဲဒါကြောင့် မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံတို့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထိုင်းရောက် မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမား ၂ သန်းခန့်ကို စာချုပ်သက်တမ်း တိုးမြှင့်ခြင်းနဲ့ အလုပ်အကိုင် အပြောင်းအလဲတွေ ခွင့်ပြုပေးခြင်းအပါအဝင် အမျိုးမျိုးသော အစီအမံတွေ
ကို လက်ခံကျင့်သုံးဖို့ ရာသီအလိုက် လှုပ်ရှားသွားလာမှု အဆင်ပြေစေဖို့အတွက် မြန်မာဒုက္ခသည်တွေရဲ့ စီးပွားရေး ပေါင်းစည်းမှုကို ပံ့ပိုးဖို့ လမ်းညွှန်ချက်အရ
ကမ္ဘာ့ဘဏ်က အဆိုပြုထားကြောင်း သိရပါတယ်။