ဘာသာပြန်စွမ်းရည်ပြိုင်ပွဲ

• ၂၀၂၄-ခုနှစ် စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၊ဆူရတ်ဌာနီခရိုင်အတွင်းမှ မြန်မာရွေ့ပြောင်းကလေးငယ်များ၏ လေ့လာရေးစင်တာ(စာသင်ကျောင်း) (၆)ကျောင်းပိတ်ခံထားရမှုနှင့်ပတ်သက်ပြီး၊မိမိအနေနှင့်စာတမ်းငယ်လေးတစ်စောင်ရေးသားဖြစ်ခဲ့ပါသည်။စာသင်ကျောင်း(၆)ကျောင်းပိတ်ပင်ခံထားရသော်လည်းထိုင်းနိုင်ငံအတွင်းရှိ ရာနှင့်ချီသည့်ရွေ့ပြောင်းကျောင်းများအနေနှင့်မဖွင့်ရဲသည့်အပြင်၊တစ်ချို့ရွေ့ပြောင်းဆရာ၊ဆရာမများအနေနှင့်ဖမ်းဆီးအရေးယူခံထား ရသည်များ ရှိခဲ့ပါသည်။
• အဆိုပါစာတမ်းငယ်လေး၏ရည်ရွယ်ချက်မှာထိုင်းနိုင်ငံအတွင်းရွေ့ပြောင်းအလုပ်သမားများ၏ကလေးငယ်များပညာရေးကိုစနစ်တကျလုပ်ဆောင်နိုင်ရန်အတွက် ထိုင်းအစိုးရနှင့် သက်ဆိုင်ရာအစိုးရများအားအကြံပြုဆွေးနွေးထား မှု များနှင့် မေတ္တာရပ်ခံချက်များပါဝင်ပါသည်။
• ရွေ့ပြောင်းကလေးငယ်များ၏ပညာရေးအတွက်တတ်နိုင်သလောက်လေးဆောင် ရွက်နေသည့် လှုပ်ရှားတက်ကြွသူ တစ်ဦးအနေနှင့် မိမိတို့၏ အတွေ့အကြုံများ ရွေ့ပြောင်းပညာရေးလုပ်ကိုင်ဆောင်ရွက်နေကြသည့် ဆရာ၊ဆရာမများ၊ကျောင်းသားမိဘများ၊ကျောင်းသူ၊ကျောင်းသားများနှင့်တွေ့ဆုံလေ့လာပြီးရေးသားထားခြင်းသာဖြစ်ပါသည်။ ( ပညာရှင် သုတေသီစာတမ်းမဟုတ်ပါ။)
စည်းကမ်းချက်များ
၁) ဘာသာပြန်သူသည် ( ၁၂၊၁၁၊၂၀၂၄) ရက်နေ့တွင်၊အသက် (၂၅) နှစ်မကျော်သူ(မြန်မာနိုင်ငံသား)ဖြစ်ရမည်။
၂) အဆိုပါစာတမ်းငယ်လေးကို ( ၅) ရက်အတွင်း ဘာသာပြန်နိုင်သူဖြစ်ရပါမည်။
(၃) ပို့စ်တင်ပြီးချိန်မှစ၍ (၃) ရက် (၄.၁၁.၂၀၂၄) ရက်နေ့ ထိုင်းစံတော်ချိန် ည (၁၂)နာရီအထိသာပြန်ဆိုရမည့်ဖိုင်အားတောင်းယူနိုင်ပါသည်။
(၄) (၉/၁၁/၂၀၂၄) ရက်နေ့၊ ထိုင်းနိုင်ငံစံတော်ချိန်၊ ည (၁၂) နာရီ၊ နောက်ဆုံးထား၍ပြန်လည်ပေးပို့ ရမည်ဖြစ်ပါသည်။
(၅)ဘာသာပြန်သူအနေနှင့် မိမိကိုယ်တိုင်ဘာသာပြန်ဆိုကြောင်း တာဝန်ခံရပါမည်။ ဆုရရှိပါကမိမိဘာသာပြန်ထားပုံကို ရှင်းပြပြောဆိုရပါမည်။ ခေတ်မှီနည်းပညာနှင့် ဘာသာပြန်ဆော့ဝဲများ သုံစွဲခွင့်ရှိပါသည်။မိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ကြောင်းစစ်ဆေးတွေ့ရှိပါက ဆုကို ပြန်လည်ရုတ်သိမ်းပါမည်။
(၆) ပြိုင်ပွဲဝင်သူသည် Chat Box မှတစ်ဆင့် မိမိ Email အားပို့ပြီး ဘာသာပြန်ရမည့် PDF File အားတောင်းယူရပါမည်။
(၇)အတွေ့အကြုံရှိသည့် ဘာသာပြန်ဆရာ အနည်းဆုံး (၃) ဦးမှဆုရရှိသူအား ရွေးချယ် ပေးမည်ဖြစ်ပါသည်။
(၈)ရွေးချယ်ခံရပါက
ဂုဏ်ပြုချီးမြှင့်ငွေ ဘတ်ငွေ (၅၀၀၀) ( ဘတ်ငွေငါးထောင်တိတိ)ရရှိမည်ဖြစ်ပါသည်။
စာအုပ်ထုတ်ဖြစ်ပါက၊ ဘာသာပြန်သူ၏နာမည်ကို ထည့်သွင်းဖော်ပြခံရမည်ဖြစ်ပါသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် သို့ ဖိတ်ခေါ်ခံရမည်ဖြစ်ပြီး
FED – Foundation for Education and Development ၏လုပ်ငန်းများနှင့် ဒေသတွင်းအခြေအနေများ ကို လေ့လာခွင့် (တစ်ပတ်) ရရှိမည်ဖြစ်ပါသည်။
(ခရီးစရိတ် (ကားခ)၊ နေစရိတ်/စားစရိတ် တာဝန်ယူမည်ဖြစ်ပါသည်။)

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *