Site icon Migrant Times

ထိုင်းနိုင်ငံမှာ နှစ်ကြာ​နေထိုင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူငါးသိန်းနီးပါးကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်

အောက်တိုဘာ ၃၀ ရက်၊Migrant Times
ထိုင်းနိုင်ငံမှာ နှစ်ပေါင်းအတော်ကြာ ရွှေ့ပြောင်းအခြေချ နေထိုင်နေတဲ့ နိုင်ငံခြားသား ၄၈၃,၀၀၀ ဦးကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုလက်ခံမယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။
အောက်တိုဘာလ ၂၉ ရက်က ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အဲဒီလို ဆုံးဖြတ်ခဲ့တယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Jirayu Huangsap က ထုတ်ဖော်ပြောကြားခဲ့တာပါ။
၁၉၈၄ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူ ၁၂၀,၀၀၀ ဦးခန့်၊ ၂၀၀၀ပြည့်နှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူ ၂၁၅,၀၀၀ ဦးခန့်၊ ထိုင်းနို်င်ငံမှာ မွေးဖွားကြီးပြင်းတဲ့
တိုင်းရင်းသားမျိုးနွယ် ကလေးငယ် ၂၉,၀၀၀ ဦးခန့်၊ နေထိုင်ခွင့်အထောက်အထားမရှိပေမယ့် ထိုင်းနိုင်ငံမှာ မွေးဖွားလာတဲ့ ကလေးငယ် ၁၁၃,၀၀၀ ဦးခန့်၊ စုစုပေါင်း ၄၈၃,၀၀၀ ဦးခန့်ကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ့်လုပ်ငန်းစဥ်နဲ့ပတ်သက်လို့ အသေးစိတ်ကို လာမယ့် တစ်လ ဒါမှမဟုတ် နှစ်လအတွင်း ထုတ်ပြန်ကြေညာပေးမယ်လို့ သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ- khaosod.com
Exit mobile version