ကိုရီးယားမှာ မြန်မာလုပ်သားသေဆုံးစေခဲ့တဲ့ဝန်ချီစက်မောင်းသူဗီယက်နမ်နိုင်ငံသားကိုထောင်ဒဏ်ချမှတ်

အောက်တိုဘာ ၃၀ရက်၊အရုဏ်ဦး
တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦးကို ဝန်ချီစက်နဲ့ ညှပ်မိသေဆုံးခဲ့ရတဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ စက်မောင်းသူဗီယက်နမ်နိုင်ငံသားကို ထောင်ဒဏ်ပြစ်ဒဏ်ချလိုက်တယ်လို့ သတင်းဌာနတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဒဲဂုတရားရုံး တရားသူကြီးကအောက်တိုဘာ၂၉ရက်မှာ အသက် ၂၇နှစ်အရွယ်ရှိ ဝန်ချီစက်မောင်းတဲ့ဗီယက်နမ် နိုင်ငံသားကို လူသေအောင်လုပ်မှုနဲ့ ထောင်ဒဏ် တစ်နှစ်နဲ့ ခြောက်လကျခံရန် အမိန့် ချမှတ်လိုက်တာလို့ ဆိုပါတယ်။
ဂယောင်ဆန်းနမ်ဒို ၊ယောင်းချောင်းရှိ စက်ရုံမှာသြဂုတ်လအတွင်းက ဝန်ချီကားကို မောင်းနေတဲ့ ဗီယက်နမ်နိုင်ငံသားက ပစ္စည်းအတင်အချ လုပ်ကိုင်နေစဉ် ကားရှေ့မှာ ရှိနေတဲ့ အသက် ၄၁နှစ် အရွယ်ရှိ မြန်မာနိုင်ငံသား လုပ်သားရဲ့ ရင်ဘတ်ကို ဝန်ချီကားရဲ့ ဝန်ချီတံနဲ့ ထိုးမိခဲ့တာဖြစ်ပါတယ်။
ထိခိုက်မိတဲ့ မြန်မာလုပ်သားအနေနဲ့တက္ကသိုလ်ဆေးရုံကြီးမှာဆေးကုသခံယူရင်း ထိခိုက်ဒဏ်ရာနဲ့ ကွယ်လွန်သွားခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။
အဲဒီဖြစ်စဥ်မှာသေဆုံးခဲ့တဲ့မြန်မာလုပ်သားမှာမြင်းခြံမြို့ကနေရောက်ရှိလာတဲ့ ကိုအောင်မြင့်ဆန်းဖြစ်ပြီး နာရေးကိစ္စတွေကို ကိုရီးယားရောက်မြန်မာတွေကကူညီပေးခဲ့ကြတယ်လို့ အဲဒီနိူင်ငံရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က သူ့ရဲ့လူမူကွန်ရက်မှာရေးသားထားပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *