Site icon Migrant Times

ကနေဒါမှာ နိုင်ငံပြောင်းရွှေ့အခြေချသူ လက်ခံတဲ့ဦးရေ လျှော့ချလိုက်လို့ လုပ်သားရှားပါးလာနိုင်

အောက်တိုဘာ ၂၇ ရက်
ခွန်သောမတ်စ်၊ Migrant Times
ကနေဒါအစိုးရဟာ လူဦးရေတိုးပွားမှုကို ရပ်တန့်ဖို့ နိုင်ငံပြောင်းရွှေ့အခြေချသူ လက်ခံတဲ့ဦးရေ လျှော့ချလိုက်တာကြောင့် လုပ်သားရှားပါးလာနိုင်ဖွယ်ရှိနေပါတယ်။
ကနေဒါနိုင်ငံမှာ အိုးအိမ်ပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့၊ အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာကို ထိန်းညှိဖို့ အစီအစဥ်အတွက် အမြဲတမ်း နေထိုင်ခွင့်လျှောက်ထားတဲ့နိုင်ငံခြားသားဦးရေကို လျှော့ချမယ်လို့ ကြေညာခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေကြား လုပ်သားရှားပါးမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှု တိုးလာကြောင်း Bloomberg သုတေသန မှတ်တမ်းက ဆိုပါတယ်။
COVID-19 ကပ်ရောဂါကာလပြီးတဲ့နောက် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေရပြီး ဟန်ချက်မညီဘဲ လူဦးရေ တိုးပွားလာမှုကို အစိုးရအနေနဲ့ ဖြေရှင်းမှာဖြစ်တယ်လို့ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က ပြောပါတယ်။
ကနေဒါနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားသူဦးရေကို ၂၀၂၄ ခုနှစ်မှာ ၄၈၅၀၀၀ ဦးကနေ ၂၀ ရာခိုင်နှုန်းသို့၊ ၂၀၂၅ ခုနှစ်မှာ ၃၉၅၀၀၀ ဦးသို့ လျှော့ချပြီး
၂၀၂၆ ခုနှစ်မှာ ၃၈၀၀၀၀ ဦးနဲ့ ၂၀၂၇ ခုနှစ်မှာ ၃၆၅၀၀၀ ဦးသို့ လျှော့ချဖို့ ပြင်ဆင်နေပြီး ၂၀၂၅ ခုနှစ်မှာ ဗီဇာသက်တမ်း ကုန်ဆုံးမယ့် ယာယီနေထိုင်သူ တစ်
သန်းကျော်ကိုလည်း နိုင်ငံတွင်းကနေ ထွက်ခွာဖို့ မျှော်လင့်ထားကြောင်းသိရပါတယ်။
ရွှေ့ပြောင်းနေထိုင်သူဦးရေ တိုးလာပြီး အိမ်ရာမလုံလောက်မှု ပိုများလာကြောင်းနဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာတဲ့အတွက် အလုပ်သမားဈေးကွက်အပေါ် သက်ရောက်မှု ရှိလာမှာကို ပုဂ္ဂလိက ကဏ္ဍမှ
လူအများက စိုးရိမ်နေကွောငျး Bloomberg သုတေသန မှတ်တမ်းက ဖော်ြပပါတယ်။
အရင်က ရွှေ့ပြောင်းအခြေချသူတွေကြောင့် ကနေဒါ စီးပွားရေး ကျဆင်းမှုကို ရှောင်ရှားနိုင်ခဲ့ပြီး အခုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စက်မှုကဏ္ဍအတွက် အလုပ်သမားရှားပါးနေပြီး အလုပ်သမား လိုအပ်မှုကြီးမားစွာ ရှိနေဆဲဖြစ်တယ်လို့ Canadian Chamber of Commerce အကြီးတန်း ဒါရိုက်တာ Diana Palmerin-Velasco က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
မှေးမွူရေး၊ သယ်ယူပို့ဆောင်ရေး၊ သားသတ်ရုံတွေနဲ့ ပြုပြင်ထုတ်လုပ်တဲ့စက်ရုံတွေမှာ အလုပ်သမားအသစ်
လိုအပ်မှုများစွာ ရှိနေတယ်လို့ Manitoba Pork Council အထွေထွေမန်နေဂျာ Cam Dahl က ပြောပါတယ်။
အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားတဲ့ ဦးရေကို လျှော့ချဖို့သဘောတူပေမယ့် လုပ်သားဈေးကွက်ကို အမှန်တကယ် ထိခိုက်နိုင်တာကို လက်ခံပြီး အထူးသဖြင့် အခြေခံ
အဆင့် ရာထူးနေရာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစတဲ့ အရေးကြီးတဲ့ အလုပ်တွေကို ထိခိုက်နိုင်ကြောင်း Ottawa တက္ကသိုလ် သုတေသနကွန်ရက် Smart Prosperity Institute ရဲ့ အကြီးတန်းဒါရိုက်တာ Mike Moffat က သုံးသပ်ပြောဆိုပါတယ်။
ရွှေ့ပြောင်းအခြေချသူဦးရေကို လျှော့ချခြင်းဟာ ရေတိုမှာ လုပ်သားအင်အား ကျုံ့သွားနိုင်ပေမယ့်
စီးပွားရေးအပေါ် သက်ရောက်မှု မရှိကြောင်း ကနေဒါနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး၊ ဒုက္ခသည်များနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဝန်ကြီး
Marc Miller က ပြောပါတယ်။
ကိုးကား- prachach.net
Exit mobile version