အောက်တိုဘာ ၂၄၊အရုဏ်ဦး
စင်ကာပူမှာ အလည်အပတ်ပတစ်ပို့(PV)ကိုင်ထားသူတွေ မြန်မာနိုင်ငံသားကို အလည်အပတ်ပြန်ရာမှာအခက်မတွေ့ရအောင် အလုပ်အကိုင်ပတ်စ်ပို့(PJ)ပြောင်းလဲပေးသွားမယ်လို့ စစ်ကောင်စီသံရုံးက ထုတ်ပြန်ထားပါတယ်။
စင်ကာပူနိုင်ငံမှာ PVပတ်စ်ပို့နဲ့ ရောက်ရှိအလုပ်လုပ်ကိုင်နေပြီး ဝင်ငွေအခွန်ပေးဆောင်ထားတဲ့မြန်မာလုပ်သားတွေ နေရပ်ပြန်ရာမှာအခက်မတွေ့ရအောင်ဆောင်ရွက်ပေးမှာလို့ ဆိုပါတယ်။
ပတ်စ်ပို့အမျိုးအစားပြောင်းလဲလိုသူတွေအနေနဲ့ သံရုံးရဲ့ whatsappကတဆင့်ရက်ချိန်းရယူနိုင်ပြီး အသွား/အပြန်လေယာဥ်လက်မှတ်၊သက်တမ်းရှိအလုပ်လုပ်ကိုင်ခွင့်ကတ်၊နိူင်ငံကူးလက်မှတ်၊ အလုပ်ရှင်/ကုမ္ပဏီရဲ့ခွင့်စာတင်ပြရမယ်လို့ ဖော်ပြထားပါတယ်။
ပတ်စ်ပို့အမျိုးအစားပြောင်းဖို့အတွက် အချက်အလက်ပြည့်စုံရင် နှစ်ပတ်လောက်ကြိုတင်ရက်ချိန်းယူရမှာဖြစ်ပြီး၊နာရေးလိုအရေးပေါ်ကိစ္စကြောင့် မြန်မာနိုင်ငံပြန်ရမယ့်သူတွေအနေနဲ့အချက်အလက်အပြည့်အစုံနဲ့ရုံးချိန် အတွင်းဝန်ဆောင်မူရယူနိုင်တယ်လို့ ဆိုပါတယ်။
“အလည်ပြန်မယ့်သူတွေအတွက်ကတော့PJပြောင်းဖို့လိုမယ်။အဲဒါမှပြန်ထွက်ဖို့လွယ်မှာ။PJပြောင်းရင်တော့မိသားစုဆီလွှဲပို့အထောက်အထားပြရမယ့်ပြသနာတော့ရှိတယ်။မပြန်ဖြစ်တဲ့သူတွေကတော့ဒီအတိုင်း PVပဲကိုင်ထားကြမှာ”လို့ စင်ကာပူရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံကို အလည်ပြန်ပြီး ပြန်ထွက်မယ့် Pvပတ်စ်ပို့ကိုင်ထားသူတွေလေဆိပ်မှာတားမြစ်ခံရတာတွေရှိလာပြီးနောက်အခုလို မူအပြောင်းအလဲရှိပါတယ်။