Site icon Migrant Times

ထိုင်းက ဈေးဝယ်စင်တာကို သေနတ်နဲ့ပစ်မယ်လို့ ဖေ့စ်ဘွတ်မှာ ရေးသားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်ရဲ့ ဖုန်းဟာ အဟက်ခံထားရပြီး သူ ရေးသားတာမဟုတ်ဘူးလို့ဆို

အောက်တိုဘာ ၂၁ ရက်၊ Migrant Times
ထိုင်းနိုင်ငံ၊ ခေါင်ကယ်မြို့က ဈေးဝယ်စင်တာကို သေနတ်နဲ့ပစ်ခတ်မယ်လို့ ဖေ့စ်ဘွတ်မှာ ပို့စ်တင်ရေးသားမှုနဲ့ မြန်မာလူငယ်တစ်ဦးကို ထိုင်းရဲက ဖမ်းဆီးစစ်ဆေးခဲ့ရာ အဲဒီလူငယ်ဟာ ပို့စ်တင်ရေးသားသူမဟုတ်ဘဲ သူ့ဖုန်းဟာ အဟက်ခံထားရတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြပါတယ်။
ထိုင်းမှာ နေထိုင်တဲ့ အသက်၂၂ နှစ်အရွယ် မြန်မာလူငယ်ရဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာလ ၁၇ ရက်မှာ ခေါင်ကယ်မြို့က ဈေးဝယ်စင်တာကို သေနတ်နဲ့ ပစ်ခတ်
မယ်လို့ ခြိမ်းခြောက်ရေးသားခဲ့တာပါ။
သူ့ရဲ့ အလုပ်ရှင်က ဘတ် ၆၀၀ဝ လိမ်လည်သွားပြီး ပိုက်ဆံပြန်တောင်းတဲ့အခါမှာ သူ့ကို ကိုယ်ထိလက်ရောက်ပြုလုပ်တာကြောင့် ရဲစခန်းမှာ နှစ်ကြိမ် တိုင်တန်းပေမဲ့ ရဲက အေရးယူ မပေးတာကြောင့် ခေါင်ကယ်မြို့က ဈေးဝယ်စင်တာကို သေနတ်နဲ့ ပစ်ခတ်မယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ထိုင်းဘာသာနဲ့ ရေးသားခဲ့တာပါ။
အဲဒီပို့စ် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် စျေးဝယ်စင်တာကို အောက်တိုဘာ ၁၇ ရက်မှာ ပိတ်ခဲ့ရပြီး ရဲတပ်ဖွဲ့က လုံခြုံရေး ယူခဲ့ရပါတယ်။ ဒါပေမဲ့ ပစ်ခတ်မှု မဖြစ်ပွားခဲ့ပါဘူး။
အဲဒီလူငယ်ကို ထိုင်းရဲတွေက ဖမ်းဆီးပြီး စစ်ဆေးခဲ့ရာမှာ သူဟာ ထိုင်းဘာသာစကားကို ပြောဆိုနိုင်ပေမယ့် မရေး၊ မဖတ်နိုင်ဘူးလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ထပ်မံစုံစမ်းဖော်ထုတ်ခဲ့ရာမှာ အဲဒီလူငယ်ရဲ့ ဖုန်းဟာ အဟက်ခံထားရတာဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။
ကမ္ဘောဒီးယားနိုင်ငံ လိပ်စာနဲ့ စုံစမ်းဆဲ လူတစ်စုက ဒီလူငယ်ရဲ့ ဖုန်းကို ဟက်ခဲ့တာဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ယူဆထားပါတယ်။
ကိုးကား၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
Exit mobile version