စက်ရုံတချို့သီတင်းကျွတ်ပိတ်ရက် အပြည့်မပိတ်

အောက်တိုဘာ ၁၉ရက်၊အရုဏ်ဦး
ပြည်တွင်းရှိစက်ရုံတချို့အနေနဲ့ သီတင်းကျွတ်ပိတ်ရက် တရားဝင်ပတ်ရက်အဖြစ်ကြေညာထားတဲ့အတိုင်း အပြည့်မပိတ်ဘဲ စေခိုင်းနေတယ်လို့ သက်ဆိုင်ရာအလုပ်သမားတွေဆီက သိရပါတယ်။
သီတင်းကျွတ်ပိတ်ရက်ကို အောက်တိုဘာ ၁၆ကနေ ၂၀ရက်အထိ သတ်မှတ်ထားပေမယ့် စက်ရုံတချို့ကတော့ အောက်တိုဘာ ၁၉ရက်အထိပဲပိတ်ပြီးပြန်လည်ဖွင့်လှစ်နေပတ်နေတယ်လို့ ဆိုပါတယ်။
“မပိတ်ခင်ကလည်း ဘယ်ရက်စပိတ်မယ်၊ဘယ်နှရရက်ပိတ်မယ်ဆိုတာ ကြိုမပြောဘူး။အနားကပ်မှ အသိပေးတော့အိမ်ပြန်မယ့်သူတွေကြိုစီစဥ်ဖို့ခက်ခဲ့တယ်။အခုလည်းသုံးရက်ပဲပိတ်လို့ဒီနေ့အလုပ်ပြန်ဆင်းရတယ်”လို့ မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။
တခြားအထည်ချုပ်နဲ့ CMPစက်ရုံတချို့အနေနဲ့လည်း ၅ရက်အပြည့်မပိတ်ဘဲ စေခိုင်းတာ၊ ပိတ်ရက်အစားထိုးအချိန်ပိုဆင်းခိုင်းတာတွေရှိနေတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
“ပိတ်ရက်အတွက်ဆိုပြီး အစားထိုးအချိန်ပိုဆင်းပေးရတယ်။ပြန်ဖွင့်ရင်လည်းထပ်ဆင်းပေးရဦးမယ့်ရုံ​တွေရှိတယ်။အစားထိုးမို့လို့အချိန်ပိုကြေးမရဘူးလို့လည်းပြောတယ်”လို့ လှိုင်သာယာမြို့နယ်က အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
အဲဒီလို အလုပ်သမားတွေကိုမတရားစေခိုင်းမူတွေဟာဒီနှစ်ပိုင်းတွေမှာ ပြောင်ပြောင်တင်းတင်းလုပ်လာကြပေမယ့် သက်ဆိုင်ရာဌာနတွေက အရေးယူတာရှိမနေဘူးလို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
လှိုင်သာယာမြို့နယ်က အလုပ်သမားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *