Site icon Migrant Times

စစ်မှုထမ်းဖို့ အသက်အကျုံးဝင်သူတချို့ပြည်တွင်းမှာပင် အလုပ်ရဖို့ခက်နေ

အောက်တိုဘာ ၁၅ရက်၊အရုဏ်ဦး
စစ်မှုထမ်းဖို့ အသက်အကျုံးဝင်နေသူတွေ ပြည်ပထွက်အလုပ်လုပ်ခွင့်တားမြစ်ခံရသလို ပြည်တွင်းမှာလည်း အလုပ်ရဖို့ခက်ခဲတာမျိုးတွေ ကြုံနေရတယ်လို့ ကာယကံရှင်တချို့ဆီကသိရပါတယ်။
အသက် ၃၂အရွယ်အထိ အမျိုးသားတွေအလုပ်ရှာရမှာ စစ်မှုထမ်းဖို့ဆင့်​ခေါ်လို့ ရေရှည်မလုပ်နိုင်မှာကို အလုပ်ရှင်တချို့က တွက်ဆလာကြတာလို့ ဆိုပါတယ်။
“အင်တာဗျူးဝင်တော့ စစ်မူထမ်းစာရင်းပေးထားပြီးပြီလားမေးတယ်။စာရင်းပေးထားပြီးသးဆို ခန့်ဖို့အဆင်မပြေဘူး၊ လူမကြာခဏပြောင်းနေမှာကိုမလိုလားလို့ဆိုပြီးပြောတယ်”လို့ လိူင်သာယာမြို့နယ်မှာနေထိုင်တဲ့ အသက်၂၅အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အသက်၁၈ကနေ ၃၅နှစ်အရွယ်အထိအမျိုးသားတွေကို စစ်မှုထမ်းဖို့ အသုတ်လိုက် ဆင့်ခေါ်နေတာရှိပြီး ပြည်ပထွက်ခွာခွင့်ကိုလည်းတားမြစ်ထားပါတယ်။
အဲဒါကြောင့် ပြည်တွင်းမှာ အလုပ်ရှာရာမှာလည်း အဆင်မပြေတာကြောင့် မိသားစုရပ်တည်ရေးအခက်အခဲတွေရှိလာနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။
“နိုင်ငံခြားလည်း ထွက်မရဘူး။ဒီထဲမှာကြတော့လည်းအလုပ်က မရှိဘူး။လမ်းတွေလည်းပျောက်နေပြီ”လို့ အသက်၂၂နှစ်အရွယ် လူငယ်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်မှုထမ်းဖို့အတွက် အမျိုးသားတွေက်ိုဦးစားပေးခေါ်နေပြီး မကြာခင်အမျိုးသမီးတွေပါခေါ်မယ်ဆိုတဲ့ သတင်းကြောင့် အမျိုးသမီးတွေကြားမှာလည်းစိုးရိမ်မှုတွေရှိနေပါတယ်။
Exit mobile version