Site icon Migrant Times

ရွှေ့ပြောင်းလုပ်သားတွေအတွက် ဘတ်အသစ်ပြုလုပ်ဖို့ ညှိနှိုင်းနေ

အောက်တိုဘာ ၁၂ရက်၊ မောင်နေ့သစ်၊Migrant Times
ထိုင်းအလုပ်သမားဦးစီးဌာနက ရွှေ့ပြောင်းအလုပ်သမားများအတွက် ဘတ်(ပန်းရောင်ကတ်) အသစ်ပြုလုပ်ပေးဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလို ကြေညာချက်တွေထွက်ပြီးနောက် ထိုင်းနိုင်ငံကို ရောက်ရှိလုပ်ကိုင်နေကြတဲ့ မြန်မာ၊လာအို၊မ္ဘောဒီယား စတဲ့ အထောက်ထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ပတ်စပို့၊ဗီဇာ၊ဘတ်စတဲ့ ဝန်ဆောင်မှုပေးတဲ့ ပွဲစားတွေထံကို စာရင်းများပေးသွင်းပြီး စရံငွေတွေလည်း စတင်ပေးထားရတယ်လို့ သိရပါတယ်။
“ပွဲစားတွေကို စာရင်းသွင်းခက ဘတ်ငွေ ၂ထောင်ပေးထားရတယ်။ ဘယ်နေ့လုပ်ရမယ်ဆိုတာတော့အတိအကျမပြောသေးဘူး လုပ်မဲ့ရက်ကို သူတို့အကြောင်းကြားမယ်လို့ပြောတယ်။ စာရင်းကကြိုသွင်းထားရတာကလည်း စာရင်းပိတ်မှာစိုးတဲ့အတွက်ကြိုပြီးလုပ်ထားရတာ”လို့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးက Migrant Timesကို ပြောပါတယ်။
ဘတ်သစ်ပြုလုပ်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေက လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးသက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းဆွေးနွေးဆောင်ရွက်နေဆဲဖြစ်ပြီး ပေးဆောင်ရမယ့် ကုန်ကျစရိတ်တွေ ကောက်ခံတဲ့ ပွဲစားတွေကို မယုံကြည်ကြဖို့နဲ့ ထူးခြားမှုရှိပါက ထုတ်ပြန်ကြေညာသွားမယ်လို့ ထိုင်းအလုပ်သမားဦစီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
Exit mobile version