အောက်တိုဘာ ၁၁ရက်၊အရုဏ်ဦး
ပြည်တွင်းကစက်ရုံတချို့မှာ သီတင်းကျွတ်ပိတ်ရက်အတွက် အချိန်ပိုအစားထိုးခေါ်ယူစေခိုင်းတာတွေရှိနေတယ်လို့ စက်ရုံလုပ်သားတွေဆီက သိရပါတယ်။
အောက်တိုဘာလဆန်းကစပြီး တနင်္ဂနွေပိတ်ရက်ပါမချန်အချိန်ပိုအစားထိုးဆင်းပေးနေရတာဖြစ်ပြီး မဆင်းနိုင်တဲ့အလုပ်သမားတွေကို ပြဿနာရှာတာမျိုးတွေရှိနေတယ်လို့ ဆိုပါတယ်။
“အထည်အော်ဒါတွေအချိန်မီမပြီးမှာစိုးလို့ဆိုပြီး အချိန်ပိုတွေ ခေါ်နေတာ။သင်္ကြန်တုန်းကလည်း အခုလိုပဲ ။ပိတ်ရက်ကိုယ်ရေးကိုယ်တာကိစ္စရှိလည်းမနားရဘူး”လို့ ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်လုပ်သားတစ်ဦးက ပြောပါတယ်။
အဲဒီလို ပိတ်ရက်အစားထိုးအချိန်ပိုအတွက် အခကြေးငွေမပေးတဲ့စက်ရုံတွေလည်းရှိနေပြီး အဲဒီလိုစေခိုင်းလို့ပြဿနာမကြာခဏတက်လေ့ရှိတယ်လို့ပြည်တွင်း အလုပ်သမားအရေးလုပ်က်ုင်နေသူတစ်ဦးက ဆိုပါတယ်။
“တရားဝင်ပိတ်ရက်ကပိတ်ကိုပိတ်ရမှာ။အဲဒီအတွက်အစားထိုးဆိုပြီးအလကားခိုင်းတာမျိုးကလုပ်အားအမြတ်ထုတ်တာပဲ။သက်ဆိုင်ရာဌာနတွေကလည်း ကြပ်မက်မူမရှိဘူး”လို့ ပြောပါတယ်။
လာမယ့်သီတင်းကျွတ်ပိတ်ရက်မှာ အောက်တိုဘာ ၁၆ရက်ကနေ၂၀ရက်အထိ ဖြစ်တယ်လို့ သိရပါတယ်။
ရက်ရှည်ပိတ်ရက်ဖြစ်ပေမယ့်လည်း လုံခြုံရေးအခြေအနေကြောင့် အလုပ်သမားအများစုမှာ နေရပ်ပြန်ဖို့အခက်အခဲရှိနေကြတယ်လို့လည်း စက်ရုံလုပ်သားတချို့က ပြောပါတယ်။