အောက်တိုဘာ ၁၀ရက်၊ မောင်နေ့သစ်၊ Migrant Times
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်အတွင်းက ကဏာန်းမြုံး စက်လှေပေါ်ကနေ ပြုတ်ကျသွားတဲ့ မြန်မာရေလုပ်သား ကိုကရင်ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကိုကရင်ဆိုသူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူအလုပ်လုပ်ကိုင်တဲ့ ကဏာန်းမြုံးထောင်တဲ့ စက်လှေပေါ်မှာ ရေချိုးရာကနေ ပင်လယ်အတွင်းပြုတ်ကျ ပျောက်ဆုံးသွားတာလည်းဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ရှာဖွေခဲ့ပေမဲ့ မိုးကြီးပြီး ပင်လယ်အတွင်းလှိုင်းထန်တာကြောင့် ရှာဖွေမှုကိုရပ်ဆိုင်းခဲ့ပြီး အင်္ဂါနေ့ ည ၇နာရီခွဲခန့်မှာ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ရေလုပ်သားကိုကရင်ဟာ ကရင်လူမျိုးတစ်ဦးဖြစ်ပြီး ကရင်ပြည်နယ်ကနေ ထိုင်းနိုင်ငံကို လာရောက်လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။
(မြန်မာရေလုပ်သား ကိုကရင်ရဲ့ ရုပ်အလောင်းကို ရှာဖွေဆယ်ယူနေစဥ်။ ဓာတ်ပုံ – CJ)