အောက်တိုဘာ ၁၀ရက်၊ Migrant Times
ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းတိုးဖို့ သံရုံးထောက်ခံစာအတုလုပ်ရင် အရေးယူမယ်လို့ ဗန်ကောက်မြို့ မြန်မာသံရုံးက မနေ့က အသိပေးချက်ထုတ်ပြန်ပါတယ်။
ဗီဇာသက်တမ်း ရက်ကျော်လွန်နေထိုင်သူတချို့ဟာ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှာ မြန်မာသံရုံးရဲ့ ထောက်ခံစာအတု (အတု)နဲ့ ဗီဇာသက်တမ်းတိုး လျှောက်ထားမှုတွေ ရှိနေတယ်လို့ သံရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံကို ဆိုက်ရောက်ဗီဇာ (Visa on Arrival)၊ ကမ္ဘာလှည့်ဗီဇာ (Tourist Visa)နဲ့ ရောက်ရှိနေသူတွေအတွက် ဗီဇာသက်တမ်းတိုးနိုင်ဖို့ လိုအပ်တဲ့ ထောက်ခံစာတွေကို ဗန်ကောက်မြို့ မြန်မာသံရုံးက ပြုလုပ်ပေးနေပေမယ့် နေထိုင်ခွင့်သက်တမ်း အနည်းဆုံး ၇ ရက် ကျန်ရှိသူ၊ ၇ ရက်မကျန်ရှိသူ၊ သက်တမ်းကျော်လွန်နေထိုင်သူေတွကို ထောက်ခံစာမပြုလုပ်ပေးဘူးလို့ သိရပါတယ်။
ဒါပေမဲ့ ဗီဇာရက်ကျော်လွန်နေသူတွေဟာ မြန်မာသံရုံးရဲ့ ထောက်ခံစာအတုနဲ့ ဗီဇာသက်တမ်းတိုး လျှောက်ထားမှုတွေ ရှိနေတာကို ထိုင်းလဝက က အကြောင်းကြားလာတာလို့ သံရုံးက ဆိုပါတယ်။
အတုအပ ပြုလုပ်ပေးသူ၊ အတုအပ ထောက်ခံစာနဲ့ ထိုင်းနိုင်ငံ သက်ဆိုင်ရာဌာနတွေကို လာရောက်တာ တွေ့ရင် နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ခြင်း၊ ဉပဒေကြောင်းအရ အရေးယူခြင်း ပြုလုပ်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့
ညှိနှိုင်းထားတယ်လို့ သံရုံးက အသိပေးထားပါတယ်။