Site icon Migrant Times

ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ ရပ်တည်ဖို့ခက်ခဲလာ

အောက်တိုဘာ ၉ရက်၊ အရုဏ်ဦး
အေဂျင်စီအရေအတွက် ဖောင်းပွလာပြီး၊စျေးကွက်ယှဥ်ပြိုင်မူများလာတာ၊ လုပ်သားစေလွှတ်ရေးနဲ့ပတ်သက်လို့မူဝါဒမတည်ငြိမ်မှုတွေကြောင့် ဆက်ပြီးရပ်တည်ဖို့ခက်ခဲလာတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တချို့က ပြောပါတယ်။
လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၀၀နီးပါးရှိလာပေမယ့် လုပ်သားခေါ်ယူတဲ့စျေးကွက်က သိသာစွာတိုးမြှင့်လာတာမရှိလို့ စျေးကွက်လုယူမှု ပြဿနာတွေလည်းရှိနေတယ်လို့ သူတို့က ဆိုပါတယ်။
“မလေးရှားဆိုလည်းပိတ်ထားတယ်။ထိုင်းကိုပဲပြန်စုပုံနေကြရတာ။ တချို့ကနိူင်ငံအသစ်စျေးကွက်ရှာပေမယ့်၊သိပ်ပြီး လုပ်သားစျေးကွက်ကောင်းမနေဘူး”လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လုပ်သားစေလွှတ်ရာမှာ ပြည်ပထွက်ခွာခွင့်အသက်အကန့်သတ်ရှိနေတာကြောင့်လည်း တဖက်က လိုချင်တဲ့ အရွယ်နဲ့ညှိနေလို့ လက်လွတ်လိုက်ရတာတွေရှိနေတယ်လို့လည်း ဆိုပါတယ်။
“တဖက်ကလိုချင်တာက အသက်၂၀နဲ့၃၀ကြားအရွယ်အမျိုးသား၊ဒီမှာက အဲဒီအရွယ်ကိုပြည်ပထွက်ခွင့်ပတ်ထားတော့ အဆင်မပြေဘူး။အဲဒါနဲ့တခြားနိုင်ငံကလုပ်သားပဲခေါ်တော့တာမျိုးစျေးကွက်ပျက်ရတာမျိုးတွေပါရှိလာတာ”လို့ အေဂျင်စီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စေလွှတ်လုပ်သားရဲ့လွှဲပို့ငွေနဲ့ပတ်သက်လို့ အေဂျင်စီတွေကို တာဝန်ယူဖို့ဖိအားပေးထားတာတွေကြောင့်လည်း အခက်အခဲဖြစ်စေပြီး လုပ်ငန်းဆက်လုပ်ဖို့စိတ်ပျက်လာသူတွေရှိနေတယ်လို့လည်းသူတို့က ပြောပါတယ်။
Exit mobile version