Site icon Migrant Times

ဂျပန်နိုင်ငံက မြန်မာနည်းပညာအလုပ်သင် လုပ်သားတွေကို ခေါ်ယူမယ့်လုပ်ငန်းအသစ်တစ်ခုထပ်တိုး

အောက်တိုဘာ ၄ရက်၊အရုဏ်ဦး
ဂျပန်နိုင်ငံက နည်းပညာအလုပ်သင် အလုပ်သမားတွေကိုခေါ်ယူမယ့် လုပ်ငန်းအမျိုးအစားအသစ်တစ်ခု ထပ်တိုးလိုက်တယ်လို့ တိုကျိုမြို့ရှိ မြန်မာစစ်ကောင်စီသံရုံးက ထုတ်ပြန်ထားပါတယ်။
ဂျပန်နိုင်ငံက နည်းပညာအလုပ်သင်သင်တန်းသားအစီအစဉ်နဲ့ မြန်မာနိုင်ငံမှ နည်းပညာ အလုပ်သင် သင်တန်းသားတွေကို ခေါ်ယူလျက်ရှိတဲ့ လုပ်ငန်းအမျိုးအစား​တွေအနက် Agriculture and Forestry လုပ်ငန်းနယ်ပယ်က လုပ်ငန်းအမျိုးအစားအသစ် တစ်မျိုး ထပ်မံဖြည့်စွက်လိုက်တယ်လို့ Organization for Technical Intern Training (OTIT)က အကြောင်းကြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ထပ်တိုးလိုက်တဲ့လုပ်ငန်းအမျိုးအစားက သစ်တောလုပ်ငန်းအတွက် သစ်တောသစ်ပင်စိုက်ပျိုးထုတ်လုပ်ရတဲ့လုပ်ငန်းဖြစ်တယ်လို့ဆိုပါတယ်။
” အမျိုးသားလုပ်သားတွေဦးစားပေးတဲ့လုပ်ငန်းမျိုးပဲ။လိုချင်တဲ့အသက်အရွယ်အပိုင်းခြားကလူလတ်ပိုင်းတွေလို့သိထားရတယ်”လို့ ဂျပန်ကိုလုပ်သားစေလွှတ်နေတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဂျပန်နိုင်ငံက ၂၀၁၈မတိုင်ခင်က နည်းပညာ သင်တန်းသားလုပ်သားခေါ်ယူမူသာရှိခဲ့ပြီး အခုနောက်ပိုင်း လုပ်ငန်းအလိုက်ကျွမ်းကျင်လုပ်သားခေါ်ယူတဲ့စနစ်ကျင့်သုံးလာတာ ဖြစ်ပါတယ်။
လက်ရှိမှာ သင်တန်းသားလုပ်သားအပြင် ကျွမ်းကျင်လုပ်သားတွေပါ ဂျပန်နိုင်ငံကို ထွက်ခွာနေကြပြီး လက်ရှိအဲဒီနိုင်ငံမှာ မြန်မာလုပ်သား ၇၀,၀၀၀ ကျော် ရောက်ရှိလုပ်ကိုင်နေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
Exit mobile version