Site icon Migrant Times

PVပတ်စ်ပို့နဲ့ ပြည်ပကို အလုပ်ထွက်လုပ်ခွင့်မပြုတာမို့ လေယာဉ်လက်မှတ်ခနဲ့ တခြားကုန်ကျစရိတ်တွေ ဆုံးရှုံးမယ်လို့ သတိပေး

အောက်တိုဘာ ၄ရက်၊ Migrant Times
အလည်အပတ်နိုင်ငံကူးလက်မှတ်
(PV)နဲ့ ပြည်ပမှာ အလုပ်သွားလုပ်ခွင့် မပြုတာမို့ အဲဒီလို သွားရောက်မယ့်သူတွေအနေနဲ့ လေယာဉ် လက်မှတ်ခနဲ့ တခြားကုန်ကျစရိတ်တွေ ဆုံးရှုံးမယ်လို့ အလုပ်သမားဝန်ကြီးဌာနက မနေ့က သတိပေးချက် ထုတ်ပြန်ပါတယ်။
သက်ဆိုင်ရာက လေဆိပ်မှာ စိစစ်ရာမှာ ပြည်ပအလည်အပတ် နိုင်ငံကူးလက်မှတ် PVနဲ့ ပြည်ပအလုပ်အကိုင်အတွက် လေကြောင်းခရီးကနေ ထွက်ခွာမှုတွေကို တွေ့ရှိနေပြီး အဲဒီသူတွေဟာ သတ်မှတ်ချက်နဲ့ မကိုက်လို့ ပြည်ပထွက်ခွာခွင့် မရဘဲ လေယာဉ်လက်မှတ်ခ အပါအဝင် တခြားကုန်ကျစရိတ်ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေရှိနေတယ်လို့ အလုပ်သမားဝန်ကြီးဌာန သတိပေး
ချက်မှာ ဖော်ပြထားပါတယ်။
ပြည်ပကို သွားရောက်အလုပ်လုပ်မယ့်သူတွေအနေနဲ့ ဥပဒေနဲ့အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် PJ- Passport for Job လျှောက်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)လျှောက်ထားခြင်းတို့ လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီလို မလုပ်​ဆောင်ထားရင် လေဆိပ်မှာတားဆီးခံရပြီး လေယာဉ်လက်မှတ်ခ အပါအဝင် ကုန်ကျစရိတ်တွေ ဆုံးရှုံးမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ PJ နဲ့ ပြည်ပထွက်ခွာဖို့ အသက်ကန့်သတ်မှုတွေ ရှိနေပါတယ်။
Exit mobile version