ထိုင်းနိုင်ငံမှာ နိုင်ငံကူးလက်မှတ်အသစ်လဲလိုသူတွေကို သံရုံးက နေ့ချင်းပြီး လုပ်ပေးနေတာမို့ ပွဲစားနဲ့ငွေကုန်ခံမလုပ်ဖို့ တိုက်တွန်း

အောက်တိုဘာ ၁ရက်၊ Migrant Times
ထိုင်းနိုင်ငံမှာ နိုင်ငံကူးလက်မှတ်အသစ်လဲလိုသူတွေကို သံရုံးက နေ့ချင်းပြီး လုပ်ပေးနေတာမို့ ပွဲစားနဲ့ ငွေကုန်ခံမလုပ်ဖို့ ဘန်ကောက်မြို့က မြန်မာသံရုံးက တိုက်တွန်းအသိပေးထားပါတယ်။
နိုင်ငံကူးလက်မှတ်အသစ်လဲမှုအတွက် အလွတ်တန်းဝန်ဆောင်မှုပေးနေတဲ့ တချို့ ကိုယ်စားလှယ်တွေက ဈေးနှုန်းများစွာ ဖော်ပြဆွဲဆောင်စည်းရုံးနေတာကြောင့် ကာယကံရှင်အနေနဲ့ ကိုယ်တိုင် လာရောက်ပြုလုပ်ဖို့၊ မလိုအပ်ဘဲ ငွေကုန်ကျမှုမခံဖို့ သံရုံးက အသိပေးထားပါတယ်။
PJနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ၊ ရဟန်း သံဃာ၊ ဆေးရုံတက်လူနာနဲ့ ဆေးရုံစောင့်သူ၊ တက္ကသိုလ် တက်နေသူ၊ နိုင်ငံခြားသင်္ဘောလိုက်ပါနေသူတွေကို သတ်မှတ်ထားတဲ့ စာရွက်စာတမ်းပြည့်စုံရင် မြန်မာသံရုံး (ဘန်ကောက်)နဲ့ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်)မှာ နေ့ချင်းပြီး အသစ်လဲလှယ်ပေးနေတယ်လို့ သံရုံးက အသိပေးထားပါတယ်။
စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်အသီးသီးမှ လုပ်သားတွေကို စက်ရုံတာဝန်ခံတွေက အုပ်စုဖွဲ့ပြီး စာရွက်စာတမ်းပြည့်စုံစွာနဲ့ ခေါ်လာရင်လည်း နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
ရက်ချိန်းယူဖို့ မလိုဘဲ ရုံးဖွင့်ချိန်နံနက်ပိုင်း (၁၂:၀၀ နာရီမတိုင်မီ) လာရောက် စာရင်းသွင်းပြီး နေ့ချင်းပြီး ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *