Site icon Migrant Times

မလေးရှားမှာ မြန်မာလုပ်သားတစ်ဦး အလုပ်က အပြန်အုပ်စုဖွဲ့ ရိုက်နှက်ခံရ

မလေးရှားမှာ မြန်မာလုပ်သားတစ်ဦး အလုပ်က အပြန်အုပ်စုဖွဲ့ ရိုက်နှက်ခံရ

ဒီဇင်ဘာ ၂၀ ရက်၊ Migrant Times
မလေးရှားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦး ဒီဇင်ဘာလ ၁၉ ရက်ညက အလုပ်ကအပြန်မှာ အုပ်စုဖွဲ့ ရိုက်နှက်ခံရတယ်လို့ နှလုံးလှလူငယ်များပရဟိတသွေးလှူရှင်အဖွဲ့ဆီက သိရပါတယ်။
မလေးရှားနိုင်ငံ ကလန်းမြို့နယ်နေ ကိုရာဇာမျိုးဟာ ည ၁၀ နာရီမှာ အလုပ်က​ေ ဆိုင်ကယ်နဲ့ပြန်လာရာမှာ အိမ်ရောက်ကာနီး အမည်မသိ လူ​တွေရဲ့ဝိုင်းရိုက်ခံရတာလို့ ဆိုပါတယ်။
အရိုက်ခံရတဲ့​နေရာမှာ သတိ​မေ့​နေပြီး နံနက် ၄ နာရီလောက်မှ အိမ်ကို ပြန်ရောက်လာခဲ့တာကြောင့် ကိုရာဇာမျိုးရဲ့အမျိုးသမီးက နှလုံးလှအဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ်။
ကိုရာဇာမျိုးဟာ ရှားအလမ်းဆေးရုံကြီးမှာ တက်ရောက်ခဲ့ရပြီး လူနာရဲ့ဝမ်းဗိုက်ကို ခွဲစိတ်ခဲ့ရသလို တခြား ဒဏ်ရာ​တွေကိုပါ ကုသနေရတယ်လို့ ဆိုပါတယ်။
ဆေးရုံကုန်ကျငွေမတတ်နိုင်တော့လို့ ဆရာဝန်တွေနဲ့ တွေ့ဆုံအကူအညီတောင်းခဲ့ရာမှာ ​ဆေးရုံကနေ
လိုအပ်တာ​တွေကူညီခဲ့ပြီး ရင်းဂစ် ၁၀၀၀ လှူဒါန်းပေးခဲ့တယ်လို့ နှလုံးလှလူငယ်များပရဟိတသွေးလှူရှင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Exit mobile version