ဘန်ကောက်မြို့က လူမနေတဲ့တိုက်ရဲ့ ရေတိုင်ကီထဲမှာ မြန်မာအမျိုးသမီးရုပ်အလောင်းတွေ့

ဘန်ကောက်မြို့က လူမနေတဲ့တိုက်ရဲ့ ရေတိုင်ကီထဲမှာ မြန်မာအမျိုးသမီးရုပ်အလောင်းတွေ့

ဒီဇင်ဘာ ၂၀ ရက်၊ Migrant Times
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူမနေတဲ့လေးထပ်တိုက်နေအိမ်ပေါ်က ရေတိုင်ကီပုံးထဲမှာ လနဲ့ချီသေဆုံးနေတဲ့ မြန်မာအမျိုးသမီးရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန Thaiger က ဖော်ပြပါတယ်။
သေဆုံးနေသူဟာ အခင်းဖြစ်ပွားတဲ့ တိုက်အိမ်ဘေးမှာနေထိုင်တဲ့ မြန်မာအမျိုးသမီးတစ်ဦးက ကာလရှည်ပျောက်ဆုံးနေတဲ့ သူ့ရဲ့ အစ်မဖြစ်ကြောင်း စစ်ဆေးတဲ့ ထိုင်းရဲတွေကို အတည်ပြုပြောခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အမှတ်(၆၇) ရမ်ခမ်ဟယ်လမ်းကြားထဲက လူမနေတဲ့ လေးထပ်တိုက်တစ်ခုပေါ်ကို အခန်းပြင်သူတွေက အိမ်ခေါင်မိုးအပေါ် တက်ပြင်ရာကနေ ပုပ်အနံ့ရတာကြောင့် အနံ့ခံလိုက်ရှာရင်း ရေတိုင်ကီပုံးတစ်လုံးထဲမှာ သေဆုံးနေတဲ့ မြန်မာအမျိုးသမီးရုပ်အလောင်းကို တွေ့ခဲ့တာပါ။
သူတို့ဟာ သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေကို အသိပေးအကြောင်းအကြားခဲ့တာဖြစ်ပါတယ်။
သက်ဆိုင်ရာဒေသအာဏာပိုင်တွေက သေဆုံးရခြင်းရဲ့ အကြောင်းအရင်းမှန်ကို စုံစမ်းစစ်ဆေးနေတဲ့အချိန်မှာ အဲဒီအခင်းဖြစ်ပွဲခဲ့တဲ့ တိုက်ခန်းဘေးမှာ နေထိုင်တဲ့ မြန်မာအမျိုးသမီးတစ်ဦးက သေဆုံးသူအမျိုးသမီးရုပ်အလောင်းဟာ သူမရဲ့ အစ်မရုပ်အလောင်းလို့ အတည်ပြုခဲ့ပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ စိတ်ရောဂါသည်လို့ ဆိုပါတယ်။ သူမရဲ့ အစ်မဖြစ်သူဟာ အတူနေရာကနေ ကာလရှည်ကြာပျောက်ဆုံးသွားခဲ့ပြီးတဲ့နောက် ထုံးစံအတိုင်း ပျောက်သွားပြီး ပြန်လာမယ်လို့ ထင်တာကြောင့် ရဲတပ်ဖွဲ့ထံ မတိုင်ကြားဘဲ ပုံမှန်အတိုင်းနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေထံ သူမရဲ့ အစ်မဖြစ်ကြောင်း အတည်ပြုပြောဆိုရခြင်းရဲ့ အကြောင်းရင်က သေဆုံးသူရဲ့ ဝတ်စင်ထားတဲ့ ဘောင်းဘီနဲ့ စောင်ကိုသေချာမှတ်မိတာလို့ ဆိုပါတယ်။
ညီမဖြစ်သူရဲ့ပြောပြချက်အရ သေဆုံးသူဟာ ချွန်ဘူရီခရိုင်ထဲက ဘဲဉရောင်းဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပြီး အဲဒီဆိုင်က ဘဲဉတွေကို အစိမ်းလိုက်ခိုးစားတာကြောင့် အလုပ်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှာ သူနဲ့အတူတူနေထိုင်ဖို့ အစ်မဖြစ်သူကို ခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၄ ရက်လောက်သာ အတူနေပြီး အိမ်ကနေပျောက်ဆုံးသွားခဲ့တယ်လို့ ထိုင်းရဲတွေထံ ထွက်ဆိုထားပါတယ်။
ဟွာမတ်(က်)ရဲစခန်းက ရဲအရာရှိတွေက သေဆုံးရခြင်းအကြောင်းမှန်ကို အတည်ပြုနိုင်ဖို့ ရုပ်လောင်းကို ဓါတ်ခွဲခန်း ပို့ဆောင်ထားပြီး ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ကိုးကား – Thaiger ၊ဓာတ်ပုံ – NAKON45

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *