ထိုင်း လုပ်သားတွေ ဒစ်ဂျစ်တယ်အတတ်ပညာ တိုးပွားစေဖို့ ပြုပြင်ပြောင်းလဲမှုကို အစိုးရ ပံ့ပိုး

ထိုင်း လုပ်သားတွေ ဒစ်ဂျစ်တယ်အတတ်ပညာ တိုးပွားစေဖို့ ပြုပြင်ပြောင်းလဲမှုကို အစိုးရ ပံ့ပိုး
- ထိုင်းအစိုးရဟာ ထိုင်းအလုပ်သမားေတွအတွက် ဒစ်ဂျစ်တယ် စက်မှုလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းတွေ စီစဉ်ပေးဖို့ လုပ်ငန်းစဉ်ကို အရှိန်မြှင့် ပံ့ပိုးကူညီဖို့ ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ မစ္စတာ အနုချိုင်ဗူရချိုင်က ဒီကနေ့ ပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံကို Thailand 4.0 သို့ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး နိုင်ငံတွင်းရှိ ပြည်သူလူထု အများအား အသိပညာဗဟုသုတရှိသော ဒစ်ဂျစ်တယ်နိုင်ငံသားများ ဖြစ်လာဖို့နဲ့ ဒစ်ဂျစ်တယ်ခေတ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ တစ်နှစ်လျှင် လုပ်သားအင်အား ၂၀,၀၀၀ ကျော် ဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းထားကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
- အလုပ်သမားဝန်ကြီးဌာနမှ တစ်ဆင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ နိုင်ငံတစ်ဝှမ်းရှိ တာဝန်ရှိအေဂျင်စီများ ပူးပေါင်းပြီး ထိုင်း အလုပ်သမားများအတွက် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းကို အွန်လိုင်းနှင့် အွန်လိုင်းပြင်ပတွင် စုစည်းပြီး သင်ကြားရာမှာ အွန်လိုင်းစီးပွားရေးအတွက် စမတ်ဖုန်းအသုံးပြုမှုသင်တန်း၊ Microsoft Excel Advanced သင်တန်းများ၊ လုပ်ငန်းအတွက် NodeJS Google အပလီကေးရှင်းအသုံးပြုမှုသင်တန်း၊Java Script ပရိုဂရမ်ဘာသာစကားသင်တန်းတို့ဟာ အခုနှစ်မှာ လူကြိုက်အများဆုံး သင်တန်းဖြစ်ပါတယ်။
- ထိုင်း အလုပ်သမားဝန်ကြီးဌာနဟာ ဒစ်ဂျစ်တယ်လုပ်သားများ၏ လိုအပ်ချက်ကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးကူညီဖို့ ၂၀၂၃ ခုနှစ်မှာ လုပ်သားအင်အား ၂၃,၂၁၄ ဦးကို သင်တန်းပေးခဲ့ပြီးဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ လုပ်သားအင်အား ၂၇,၇၅၄ ဦးကို ထပ်မံပြီး ဒစ်ဂျစ်တယ် စက်မှုလုပ်ငန်းခွင် အသက်မွေးမှု သင်တန်းပေးမှာ ဖြစ်ပါတယ်။ဒစ်ဂျစ်တယ် ပြိုင်ဆိုင်မှု တိုးမြှင့်ခြင်း အပါအဝင် အဆုံးစွန်သော ပေါ်လစီတိုင်းကို အကောင်အထည်ဖော်ခြင်းသည် ပြည်သူကို အကျိုးရှိစေမည်ဖြစ်ပြီး နိုင်ငံရဲ့ စီးပွားရေးကို ရေရှည်တည်တံ့ခိုင်မြဲအောင် မောင်းနှင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DSD Online Training)ရဲ့ အွန်လိုင်းစနစ်နဲ့ သင်တန်းတက်ရောက်ဖို့ စိတ်ပါဝင်စားရင် DSD Online Training Website မှာ စာရင်းပေးသွင်းပြီး အသေးစိတ်မေးမြန်းဖို့ ထိုင်းအစိုးရက ဖိတ်ခေါ်ထားပါတယ်။