Site icon Migrant Times

ဂျပန်က မြန်မာလုပ်သား ၇၀၀ ကျော် ထပ်ခေါ်မယ်

ဂျပန်က မြန်မာလုပ်သား ၇၀၀ ကျော် ထပ်ခေါ်မယ်

မေ ၃ ရက်၊ Migrant Times
  • ဂျပန်နိုင်ငံက မြန်မာလုပ်သား ၇၀၀ ကျော်ကို ထပ်ပြီးခေါ်ယူဖို့အတွက်ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့ရှိမြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။ဂျပန်နိုင်ငံရှိ ကုမ္ပဏီနဲ့ စက်ရုံတွေ မြန်မာအလုပ်သမားတွေခေါ်ယူဖို့ကမ်းလှမ်းထားတဲ့အလုပ်ခေါ်စာ ၂၃၄ ခုကို သံရုံးက ဧပြီလ ၁၈ရက်ကနေ ၂၈ရက်အထိ စိစစ်ခဲ့တာလို့ဆိုပါတယ်။လုပ်ငန်းကဏ္ဍစုံအတွက် ကမ်းလှမ်းထားတဲ့အလုပ်သမားဦးရေ ၇၅၀ဦး ရှိတယ်လို့ သိရပါတယ်။”ခေါ်တဲ့အထဲမှာကျွမ်းကျင်လုပ်သားတွေ တော်တော်ပါလာတယ် “လို့ ဂျပန်ကိုအလုပ်သမားစေလွှတ်နေတဲ့အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
  • ဂျပန်နိုင်ငံက ဧပြီလ ၁ရက်ကနေ ၁၈ရက်အထိ အလုပ်သမား ၁၂၀၀ ကျော်ခေါ်ယူဖို့ကမ်းလှမ်းခဲ့သေးတာကြောင့် အခုထပ်မံကမ်းလှမ်းတဲ့အလုပ်သမားတွေအပါအဝင် ဧပြီလအတွက် ကမ်းလှမ်းတဲ့လုပ်သားဦးရေက ၂,၀၀၀ နီးပါးရှိခဲ့တာဖြစ်ပါတယ်။ခေါ်ယူမှုအများဆုံးအလုပ်တွေကတော့ စိုက်ပျိုးရေး၊ စားသောက်ကုန်ဝန်ဆောင်မှုနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာလုပ်ငန်းတွေဖြစ်တယ်လို့ သူတို့က ပြောပါတယ်။လက်ရှိမှာ ဂျပန်ကမြန်မာလုပ်သားခေါ်ယူမှုတိုးလာသလို သွားရောက်လုပ်ကိုင်လိုတဲ့သူတွေလည်း ပြည်တွင်းမှာများပြားနေပါတယ်။လက်ရှိ မြန်မာလုပ်သား ၄၀,၀၀၀ ကျော် ဂျပန်နိုင်ငံမှာအလုပ်လုပ်ကိုင်နေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Exit mobile version