မျှတသော လုပ်ခ လစာရရှိရေး သဘောတူညီချက်ကို New Zealand Early Childhood Teachers Union ညှိနှိုင်းမှု အဆင်ပြေ

မျှတသော လုပ်ခ လစာရရှိရေး သဘောတူညီချက်ကို New Zealand Early Childhood Teachers Union ညှိနှိုင်းမှု အဆင်ပြေ
- နယူးဇီလန်နိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (NZCTU) မှ ပထမအဆင့် မူကြိုကျောင်း ဆရာ၊ဆရာမများဟာ မျှတသော လုပ်ခလစာရရှိရေး သဘောတူညီချက် (FPA) စေ့စပ်ညှိနှိုင်း တောင်းဆိုမှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။NZEI Te Riu Roa အလုပ်သမားသမဂ္ဂဟာမူကြို ကလေးများ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမများသမဂ္ဂ၊ စီးပွားရေး၊ တီထွင်ဆန်းသစ်မှုနှင့် အလုပ်အကိုင် ဝန်ကြီးဌာနသို့ အဖွဲ့ဝင် ၆၀၀၀ ကျော်ပါတဲ့ ထောက်ခံ လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့ အလုပ်သမားနေ့က တောင်းဆိုခဲ့တာဖြစ်ပါတယ်။”မူကြိုကျောင်း၏ ကျောင်းဆရာ၊ ဆရာမများသည် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော အခြားအရေးကြီး လုပ်ငန်းအဖွဲ့ဖြစ်တယ်”လို့ NZCTU ဥက္ကဌ Richard Wagstaff က ပြောကြားခဲ့ပါတယ်။
- “မျှတ သင့်လျှော်တဲ့ လုပ်ခလစာ ရရှိရေး သဘောတူညီချက်ကို အလျှော့အတင်းလုပ်ခြင်းဖြင့် အနိမ့်ဆုံးစံနှုန်းများကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေအနေများ ရရှိစေရန် ကူညီပေးမှာဖြစ်ပါတယ်။ အဖိုးတန်တဲ့ အလုပ်များကို ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမများကို ဆက်လက်ထိန်းသိမ်းထားရန်နဲ့ ကျွန်တော်တို့ရဲ့ ကလေးလူငယ်ဘဝကို အကောင်းဆုံး ပံ့ပိုးမှု အကျိုးကျေးဇူး စတင်နိုင်စေတယ်”လိူ့လည်း သူက ဆိုပါတယ်။
- မူကြိုပညာရေး ကဏ္ဍမှာ နှစ် ၅၀ နီးပါး မတူကွဲပြားမှုများကြားတွင် ကြိုးစားခဲ့ရပြီး အခြေအနေအမျိုးမျိုးနဲ့ အရောင်အသွေးစုံလင်မှုအား စည်းရုံးခဲ့ရသည့် မူကြိုကျောင်း ပညာရေးစနစ်က ကလေးတိုင်းကို အရည်အသွေးပြည့်မီအောင် ကူညီပေးသွားမှာ ဖြစ်ကြောင်း ကျောင်းဆရာမ Margaret Barclay က ပြောပါတယ်။မတ်လနှောင်းပိုင်းတွင် FPA ညှိနှိုင်းပေးခဲ့တာက ဘတ်စ်ကား ယာဉ်မောင်းများဖြစ်ပါတယ်။FPA ကို ညှိနှိုင်းဖို့ သမဂ္ဂခြောက်ခုက တောင်းဆိုထားပြီး ဖြစ်ပါတယ်။