Site icon Migrant Times

တာချီလိတ်ကတစ်ဆင့် တရုတ်နယ်စပ် ပန်ဆန်းသို့ ထိုင်းအမျိုးသမီး လူကုန်ကူးခံရ

တာချီလိတ်ကတစ်ဆင့် တရုတ်နယ်စပ် ပန်ဆန်းသို့ ထိုင်းအမျိုးသမီး လူကုန်ကူးခံရ

မေ ၃၁ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ နာခွန်ရတ်ခ်ျစီမာပြည်နယ်၊ နာခွန်ရတ်ခ်ျစီမာမြို့နေ၊ အသက် ၂၅ နှစ်အရွယ် မစ္စ ဝါစာနာဟာ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ကတစ်ဆင့် တရုတ်နယ်စပ် ပန်ဆန်းသို့ လူကုန်ကူးခံရတာကြောင့် ထိုင်း-မြန်မာ အစိုးရပူးပေါင်း ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။မြန်မာ TikTok အပလီကေးရှင်းကတစ်ဆင့် အမည်မသိလူတစ်စုက တာချီလိတ်ခရိုင် KTV ဖျော်ဖြေရေးမှာ အလုပ်လုပ်ကိုင်ဖို့ ဆွဲဆောင်ခဲ့ပြီး တရုတ်နယ်စပ်၊ ပန်ဆန်းမြို့၊ တရုတ်ရင်းနှီးမြှုပ်နှံသူအုပ်စုထံ ရောင်းချခံတာဖြစ်ပါတယ်။
  • လူကုန်ကူးမှု တိုက်ဖျက်ရေး ကာကွယ်ရေးစင်တာသို့ လူကုန်ကူးခံရကြောင်း အကူအညီ တောင်းခံခဲ့တာကြောင့် ထိုင်းနဲ့ မြန်မာတာဝန်ရှိသူတွေ ပူးပေါင်းကယ်ထုတ်ခဲ့တာလို့ ညွှန်ကြားရေးမှူး ရဲမှူးချုပ် ဆူရာချက် ဟက်ပါလ်က ပြောပါတယ်။လူကုန်ကူးခံရတဲ့ ထိုင်းအမျိုးသမီးကို အမှတ်(၂) ချစ်ကြည်ရေးတံတားက​ေနထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်​ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရပါက လူကုန်ကူးမှုတိုက်ဖျက်ရေး နှင့် ကာကွယ်စောင့်ရှောက်ရေးဗဟိုဌာန၊ ထိုင်းဘုရင့်ရဲတပ်ဖွဲ့ထံ တိုက်ရိုက် hotline 1599 က​ေန အကူအညီတောင်း ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ- MAESAIPRESS
Exit mobile version