တောင်ကိုရီးယား အလုပ်လက်မဲ့နှုန်း စံချိန်တင် နိမ့်ပါးပြီး လုပ်သားဈေးကွက် အားကောင်းနေ

တောင်ကိုရီးယား အလုပ်လက်မဲ့နှုန်း စံချိန်တင် နိမ့်ပါးပြီး လုပ်သားဈေးကွက် အားကောင်းနေ

ဇွန် ၁၆ ရက်
ခွန်သောမတ်၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံမှာ မေလတွင် အလုပ်လက်မဲ့နှုန်းစံချိန်တင်နိမ့်ကျသွားပြီး စီးပွားရေးတိုးတက်မှု နှေးကွေးသည့် အရိပ်အယောင်များရှိနေသော်လည်း အလုပ်သမား ဈေးကွက်သည် အားကောင်းနေဆဲဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အမျိုးသားစာရင်း အင်းရုံးက ယနေ့ ထုတ်ပြန်လိုက်ပါတယ်။မေလတွင် လုပ်ငန်းခွင်သို့ ၀င်ရောက်သူ ဦးရေ ၃၅၁, ၀၀၀ မှ ၂၈ ဒသမ ၈၃ သန်းအထိ မြင့်တက်လာပြီး ဧပြီလတွင် လုပ်ငန်းခွင်သို့ ၀င်ရောက်သူ ၃၅၄,၀၀၀ ရှိခဲ့ကြောင်း သိရ ပါတယ်။ အလုပ်ရှင်ဦးရေကတော့ မတ်လမှ စပြီး နှစ်စဉ် တိုးလာခဲ့ကြောင်း သိရပါတယ်။ တောင်ကိုးရီးယားနိုင်ငံတွင် ကျန်းမာရေးနှင့် လူမှုဖူလုံရေး လုပ်ငန်းတွင် အလုပ်အကိုင်သူ ဦးရေ ၁၆၆,၀၀၀တိုးလာပြီး အိမ်ရာနှင့် အစားအသောက် ဝန်ဆောင်မှု လုပ်ငန်းတွင် အလုပ် အကိုင် လုပ်ဆောင်သူ ၁၂၈,၀၀၀ တိုး၍ လုပ်ငန်းရှင် စုစုပေါင်း ၃၉,၀၀၀ တိုးတက် လာမှု တွေ့ရှိခဲ့ကြောင်း သိရပါတယ်။တောင်ကိုးရီးယား နိုင်ငံတွင် ကိုဗစ်အလွန်ကာလမှာ လုပ်ငန်းခွင်သို့ လုပ်သားအများစုမှာ အသက် ၆၀ နှစ် အထက်မှ တိုးလာပြီး လုပ်သားဦးရေ ၃၇၉ ,၀၀၀ ထိ စာရင်းမှတ်တမ်းမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်း အချက်အလက်များအရ တောင်ကိုရီးယား၏ လုပ်သား ဈေး ကွက်ဟာ အားကောင်းနေဆဲဖြစ်ကြောင်း သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *