Site icon Migrant Times

ကျွမ်းကျင်လုပ်သားတွေကို ဆွဲဆောင်နိုင်ဖို့ မလေးရှား ဗီဇာလျှောက်ထားမှု စနစ်သစ် စီစဥ်

ကျွမ်းကျင်လုပ်သားတွေကို ဆွဲဆောင်နိုင်ဖို့ မလေးရှား ဗီဇာလျှောက်ထားမှု စနစ်သစ် စီစဥ်

ဇွန် ၁၇ ရက်
ခွန်သောမတ်၊ Migrant Times
  • မလေးရှားနိုင်ငံဟာ နည်းပညာမြင့် Xpats Gateway စနစ်သစ်နဲ့ အချက်အလက်ဒေတာကို ချိတ်ဆက်ပေးတဲ့ ဗီဇာလျှောက်လွှာ စနစ်သစ် တစ်ရပ် အကောင်အထည်ဖော်နေတယ်လို့ Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။ဘဏ္ဍာရေး ၊ စွမ်းအင်နဲ့ တခြားကုမ္ပဏီတွေရဲ့ နိုင်ငံခြားသားဝန်ထမ်း​တွေအတွက် ဗီဇာလျှောက်ထားခြင်းကို ငါးရက်အပြီး လုပ်ဆောင်ပေးမယ့် စနစ်သစ်ဖြစ်တယ်လို့ ဆိုပါတယ်။ဒီစနစ်သစ်က ကျွမ်းကျင်လုပ်သားများနဲ့ လုပ်ငန်းစဉ်များကို အရှိန်မြှင့်ပေးရုံတင်မက ကုမ္ပဏီတွေဟာသူတို့ရဲ့ ဝန်ထမ်း​တွေအတွက် ဗီဇာ လျှောက်ထားရာမှာလည်း ပိုမိုလွယ်ကူစေမယ်လို့ ဆိုပါတယ်။အရင်က မလေးရှားနိုင်ငံ ဗီဇာလျှောက်ထားရာမှာ စာရွက်စာတမ်း အထောက်အထား၊ အေဂျင်စီများ၏ ထောက်ခံမှုမှ တစ်ဆင့် တင်သွင်းရပြီး အချိန်လည်း ၃ လလောက် စောင့်ရကြောင်း မလေးရှားနိုင်ငံ စီးပွားရေးဝန်ကြီး Mr. Rafizi Ramil က ပြောပါတယ်။
ကိုးကား၊ ဓာတ်ပုံ-InfoQuest
Exit mobile version