ထိုင်းကနေ မြန်မာနိုင်ငံထဲ သွင်းမယ့် မှောင်ခိုကား ဖမ်းဆီးခံရ
ဇွန် ၂၀ ရက်
ခွန်သောမတ်၊ Migrant Times
- ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ မဲဖာလုံမြို့နယ်၊ ထွတ်ထိုင်းကျေးရွာအုပ်စု၊ မုံရှစ်အိမ်ရွာ ဧရိယာမှာ မြန်မာနိုင်ငံထဲ သွင်းမယ့် မှောင်ခိုကားတစ်စီး မနေ့ကဖမ်းဆီးခံခဲ့ရပါတယ်။ဘန်ကောက်လိုင်စင် နံပါတ်ပြားနဲ့ ကားတစ်စီးဟာ တရားမဝင်လမ်းကြောင်းကတစ်ဆင့် မဲဖာလုံမြို့နယ်မှ မြန်မာနိုင်ငံကို ပို့ဆောင်စဥ် ဖမ်းဆီးမိခဲ့တာပါ။ဖမ်းဆီးစဥ်မှာ ယာဥ်မောင်းထွက်ပြေး လွတ်မြောက်သွားပြီး ကားကိုတော့ ရေချောင်းအနီးမှာ ထားခဲ့တယ်လို့ သိရပါတယ်။ဖမ်းဆီးမိခဲ့တဲ့ကားကို Mae Fah Luang ရဲစခန်းမှာ ထိန်း သိမ်းထားပြီး ကားမှောင်ခိုသွင်းသူကို တရားဥပဒေအရဖော်ထုတ်အရေးယူမယ်လို့ သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ-MAESAIPRESS