တောင်ကိုးရီးယားနိုင်ငံသို့ ရာသီအလိုက် စိုက်ပျိုးရေးအလုပ်သမားဈေးကွက် ချဲ့ထွင်ရေး မူဝါဒကို ထိုင်း ဝန်ကြီးချုပ် အားပေး

တောင်ကိုးရီးယားနိုင်ငံသို့ ရာသီအလိုက် စိုက်ပျိုးရေးအလုပ်သမားဈေးကွက် ချဲ့ထွင်ရေး မူဝါဒကို ထိုင်း ဝန်ကြီးချုပ် အားပေး
- တောင်ကိုးရီးယားနိုင်ငံသို့ ရာသီအလိုက် စိုက်ပျိုးရေးအလုပ်သမားဈေးကွက် ချဲ့ထွင်ရေး မူဝါဒကို ထိုင်း ဝန်ကြီးချုပ်အနေနဲ့ အားပေးကြောင်း ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အနုချာ ဘူရာပက်ချိုင်းဆရီက ပြောပါတယ်။ရာသီအလိုက် စိုက်ပျိုးရေးအလုပ်သမားဈေးကွက်သို့ ချမှတ်ဆောင်ရွက်သည့် မူဝါဒများနှင့်အညီ ပြည်ပလုပ်သားဈေးကွက် ချဲ့ထွင်နိုင်ရန် နည်းလမ်းရှာဖွေ ညှိနှိုင်းပြီး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးကာ တောင်ကိုရီးယားနိုင်ငံသို့ ဒေသဆိုင်ရာမြို့များ၏ လုပ်သားစျေးကွက်ချဲ့ထွင်ကြောင်း မစ္စတာ အနုချာ ဘူရာပက်ချိုင်းဆရီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
- ထိုင်းအလုပ်သမားများ၏ တောင်ကိုရီးယားနိုင်ငံသို့ တရား၀င် E-8 ဗီဇာ (skilled visa) ဖြင့် ပိုမိုလွယ်ကူစွာ အလုပ်လုပ် ကိုင်နိုင်ဖို့ ကိုရီးယားဘာသာစကား စာမေးပွဲ ဖြေဆိုရန် မလိုသည့် ကာလတို ဗီဇာများအတွက် ကင်းလွတ်ခွင့် အချို့ပါရှိပြီး ထိုင်းအလုပ်အကိုင် ဌာနက တိုက်ရိုက် ဆောင်ရွက်ပေးကြောင်း သိရပါတယ်။ထိုင်းအလုပ်သမားများ၏ အရည်အချင်းကို ယုံကြည်ပြီး အခွင့်အလမ်းကောင်းများ အလုပ်အကိုင် အမျိုးအစား ကျွမ်းကျင်မှုအတွက် ပိုမိုအကျိုးဖြစ်ထွန်းမည်ဟု ယုံကြည်ကြောင်း ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ အဖြစ် မစ္စတာ အနုချာ ဘူရာပက်ချိုင်းဆရီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွား ပါတယ်။
- ထိုင်းနိုင်ငံ အလုပ်သမား၀န်ကြီးဌာန နှင့် တောင်ကိုရီးယားနိုင်ငံ ၏ အလုပ်သမားစျေး ကွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် ထိုင်းနိုင်ငံသား အသက် ၂၅ နှစ်မှ ၄၅ နှစ်ကြားရှိ လယ်သမားအဖြစ် မှတ်ပုံတင်ထားနိုင်သူ သို့မဟုတ် စိုက်ပျိုးရေးလုပ်ငန်း အတွေ့အကြုံရှိသူ နှင့် စိတ်ပါဝင်စားသူများသည် ထိုင်း ပြည်ပ အလုပ် အကိုင်ညွှန်ကြားမှုဦးစီးဌာန၏ doe.go.th ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။
