ဂျပန်က မြန်မာလုပ်သား ၅၀၀ကျော်ခေါ်ယူဖို့ ထပ်မံကမ်းလှမ်း

ဂျပန်က မြန်မာလုပ်သား ၅၀၀ကျော်ခေါ်ယူဖို့ ထပ်မံကမ်းလှမ်း
အောက်တိုဘာ ၁၄ရက်၊Migrant Times
ဂျပန်နိုင်ငံက မြန်မာလုပ်သား ၅၀၀ ကျော်ကို ထပ်မံခေါ်ယူဖို့ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့က သံရုံးက ထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံရှိ စက်ရုံ၊အလုပ်ရုံတွေက အောက်တိုဘာလမှာ ပထမအသုတ်အနေနဲ့ ခေါ်ယူလိုတဲ့အလုပ်ကမ်းလှမ်းစာကို မြန်မာနိုင်ငံထံ ပေးပို့ထားတာဖြစ်ပါတယ်။
အဲဒီလို အလုပ်သမားခေါ်ယူလိုတဲ့ ကမ်းလှမ်းစာ ၁၇၀ရှိပြီး ခေါ်ယူမယ့် အလုပ်သမားဦးရေ ၅၂၁ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ခေါ်ယူမယ့် အလုပ်အမျိုးအစားတွေထဲမှာ စားသောက်ဆိုင်၊စက်ရုံနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစတဲ့လုပ်ငန်းတွေ ပါဝင်တယ်လို့ အဲဒီနိုင်ငံကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ခေါ်စာကျလာပြီးရင်တော့ စေလွှတ်ဖို့က မြန်တယ်။သွားမယ့်သူတွေလည်း တန်းစီနေတယ်”လို့သူကပြောပါတယ်။
ဂျပန်နိုင်ငံဟာ နည်းပညာအလုပ်သင်လုပ်သားတွေအပြင် ကျွမ်းကျင်လုပ်သားတွေကိုလည်းခေါ်ယူနေတာ ဖြစ်ပါတယ်။
ဒီနှစ်လယ်ပိုင်းလောက်ကစပြီး ဂျပန်က မြန်မာလုပ်သားတွေဆက်တိုက်ခေါ်ယူနေတာဖြစ်ပြီး လက်ရှိအဲဒီနိုင်ငံမှာ မြန်မာလုပ်သား ၄၀,၀၀၀ လောက်ရောက်ရှိလုပ်ကိုင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုလပိုင်းအတွင်း JLPT လျှောက်လွှာရောင်းချမှုအပေါ် တိုးဝှေ့၍ ဝယ်ယူကြသူတွေကို တွေ့ရစဉ်၊ဓာတ်ပုံ – CJ

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *