“သဘာဝဘေးအန္တရာယ် ကျရောက်ရင် အရေးပေါ်ခိုလှုံရာနေရာ ပြင်ဆင်ပေးထားတယ်”

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငပြည်နယ်တွင် ဆူနာမီ၊ ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက အရေးပေါ်ခိုလှုံရာနေရာ တစ်ခုပံ့ပိုးရန် အသင့်ပြင်ဆင်ထားကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောသည်။

ဒေသတွင်း ထိုင်းအစိုးရဌာနများ၏ မေတ္တာရပ်ခံချက်အရ ဖန်ငခရိုင်၊ တကွာပါမြို့နယ်၊ ခီးခတ်တိုက်နယ်တွင် တည်ရှိသော FED/ULC မြန်မာရွှေ့ပြောင်းကလေးငယ်များ၏ သင်ကြားရေးစင်တာကို ယာယီအရေးပေါ်ခိုလှုံရာနေရာအဖြစ် အသုံးပြုခွင့်ပြုမည် ဖြစ်သည်။

ထိုင်းအစိုးရမှ အရေးပေါ်သတိပေးချက်များ ထုတ်ပြန်ပါက လူတိုင်းအား အသုံးပြုခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်သည့်အနေဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းစပ်တွင် နေထိုင်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အဖိုးတန်ပစ္စည်းများ၊ အရေးကြီးသော စာရွက်စာတမ်းများကို သတိရှိရှိဖြင့် စနစ်တကျ ထိန်းသိမ်းထားကြရန် လိုအပ်ကြောင်း ဦးထူးချစ်ကပြောသည်။

သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ခိုလှုံရာနေရာအဖြစ် အသုံးပြုမည့် အစီအစဉ်ကို တကွာပါမြို့နယ်၊ ခီးခတ်တိုက်နယ် စည်ပင်သာယာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ကျေးရွာလူကြီးများနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း FED ဖောင်ဒေးရှင်းကထုတ်ပြန်သည်။

အရေးပေါ်ခိုလှုံရာနေရာပေးမည့် ကိစ္စနှင့်ပတ်သက်ပြီး ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နှင့် Migrant Times ကတွေ့ဆုံမေးမြန်းထားသည်။

Migrant Times

Similar Posts