Site icon Migrant Times

ထိုင်းတွင် မြန်မာ အလုပ်သမားတစ်ဦး ဓာတ်လိုက်သေဆုံး လျော်ကြေးရဖို့ဆောင်ရွက်နေ

သြဂုတ် ၂၉ ၊ Migrant Times ။

ထိုင်းနိုင်ငံ ခွန်ကဲန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့၌ MဝU စနစ်ဖြင့်လာရောက်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားမောင်ထွန်းလင်းအောင်သည် ဓါတ်လိုက်သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး နှစ်နာကြေးရရှိရန် ကျန်ရှိသည့် အမျိုးသမီးနှင့်အတူလိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။

“သူရဲ့မိဘတွေ တက်လာတဲ့အချိန်မှာ အလည်ဗီဇာဖြစ်တာကြောင့် ဖုန်းဆင်းကဒ်ဝယ်မရဘူး ဘဏ်လဲဖွင့်မရဘူး အနေအထားဖြစ်သွားတယ်။ ဘဏ်ဖွင့်လို့မရတဲ့အတွက် ထိုင်းအစိုးရသက်မှတ်ထားတာက ဘတ် ၅ သိန်းထပ် မပိုတဲ့ပိုက်ဆံကို ချက်စ်လက်မှတ်ပဲရထားတယ်။ ကျန်ရှိတဲ့ ပိုက်ဆံကိုတော့ နောက် ၁ နှစ်အတွင်းမှပြန်ထုတ်လို့ရမယ်။ ဘဏ်လုပ်လို့မရတဲ့အတွက် လက်ရှိဒီလိုမျိုးအခက်အခဲတွေတော့ ကြုံတွေ့နေရတယ်” လို့ WAG အဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းကပြောသည်။

ထိုအမှုသည် နစ်နာကြေးရရှိရန် တစ်လနီးပါးကြာမြှင့်ခဲ့ပြီး နစ်နာကြေး ၂ ကြိမ် ထုတ်ယူရမည်ဖြစ်ကြောင်း၊ ပထမအကြိမ်တွင် သင်္ဂြိုလ်စရိတ်နှင့်ပကန်စန်ခွန် လူဖူမှုလုံရေးရုံးမှ နစ်နာကြေးစုစုပေါင်း ဘတ် ၇၇၆,ဝဝဝရရှိခဲ့ပြီး ဒုတိယအကြိမ်ထုတ်ရန် ဘတ် ၂၃ဝ,ဝဝဝ ကျန်ရှိနေကြောင်းWAG အဖွဲ့မှသိရသည်။

Photo – WAG

#Migranttimes

#ထိုင်း

#မြန်မာ

#အလုပ်သမား

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Exit mobile version