မြန်မာလုပ်သားများအတွက် ပါမစ်သက်တမ်းတိုးရန် ဝက်ဘ်ဆိုက်စဖွင့်

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်ပါမစ်သက်တမ်းတိုးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နေ့လည် ၁ နာရီခွဲမှစတင်ကာ ဝက်ဘ်ဆိုက်ကို စတင်ဖွင့်လှစ်ခဲ့သည်။

အလုပ်ပါမစ်သက်တမ်းတိုးရန် အတွက် https://mworkpermit.doe.go.th/ လင့်ကိုနိပ်ကာ ဆောင်ရွက်ရမည်ဖြစ်သည်။

၎င်းဝက်ဘ်ဆိုက်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှစကာ အထောက်ထားစာရွက်စာတမ်းသက်တမ်းကုန်နေသည့် လူဟောင်းများအတွက် အလုပ်ပါမစ်သက်တမ်းတိုးနိုင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ယခုလုပ်ငန်းစဉ်ကို ယနေ့ ဩဂုတ်လ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး သက်မှတ်ကာလအတွင်း သက်တမ်းတိုးလုပ်ငန်း စဉ်များ မဆောင်ရွက်ပါက အထောက်ထားများတရားမဝင်ဖြစ်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သက်တမ်းတိုးလုပ်ငန်းစဉ်များသည် ရူတ်ထွေးသည့်အတွက် အကျိုးဆောင်(ပွဲစား)များဖြင့် လုပ်ကိုင်ရမည်ဖြစ်ပြီး အစိုးရသတ်မှတ်ထားသည့်ကုန်ချငွေထက် ပေးဆောင်ရမည်ဖြစ်ကြောင်း အလုပ်ပါမစ်သက်တမ်းကုန်နေသည့် မြန်မာတစ်ဦးက Migrant Times ကိုပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား လူသစ်ဘတ်(ပန်းရောက်ကတ်)ကိုင်ဆောင်ထားသူများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity : CI) ထုတ်ပေးသည့် ဝန်ဆောင်မှုစင်တာများအား ဩဂုတ်လ ၅ ရက်မှစကာ နိုဝင်ဘာလ ၅ ရက်နေ့အထိနေရာ ၄ နေရာတွင်ဖွင့်လှစ်ထားကြောင်း ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – ဝက်ဘ်ဆိုက်စာမျက်နှာ။

Similar Posts