MoU လုပ်သား၈၀ကျော် အလုပ်ရဖို့ ဘန်ကောက်မြို့မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတောင်းဆို
ဒီဇင်ဘာ ၂၂ ၊ Migrant Times
- ထိုင်းနိုင်ငံကို နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်နဲ့လာရောက်ခဲ့ပြီး ၄ လကျော်အထိ အလုပ်မရရှိသေးတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၈၀ကျော်ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ အလုပ်ရရှိရေး တောင်းဆိုမှုပြုလုပ်ပြီး မြန်မာ သံအမတ်နဲ့တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။
- အဲဒီအလုပ်သမားတွေဟာ New Three Dimond အေဂျင်စီနဲ့ မင်းမြတ်တံခွန်အေဂျင်စီတွေကနေ ပို့ဆောင်ခဲ့ကြသူတွေဖြစ်ပြီး ထိုင်းနိုင်ငံမှာနေထိုင်စဉ်ကာလတစ်လျှောက်လုံး ကိုယ့်စားရိတ်ကိုယ်စားနေရတာကြောင့် မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုတွေမှာလည်း အကြွေးတွေ အများကြီးတင်နေပြီလို့ နစ်နာသူတစ်ဉီးဖြစ်တဲ့ ကိုနိုင်ဝင်းက ပြောပါတယ်။
- အလုပ်သမားတွေအနေနဲ့ အလုပ်သမားသံအရာရှိရုံးကို အကြိမ်ကြိမ် အကူညီတောင်းခဲ့ပေမယ့် ဖြေရှင်းပေးမှုမရှိတာကြောင့် အခုလိုမျိုး သံရုံးအထိ လာရောက်တောင်းဆိုရတာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကိုနေလင်းသူ